"၅"
အခန်း ( ၁ )
သူသည် "၅" တစ်လုံးဖြစ်၏။
သူ့ကိုယ်သူ မည်၍ မည်မျှ တန်ဖိုးရှိမှန်းမသိပေ။
သူ့ဘာသာတစ်ယောက်ထဲသာ ပျော်နေတော့၏။....." '၅' တဲ့ဟေ့နော် .... "
ဘာကိုမှလည်းသူစိတ်မ၀င်စား၊သူ့ဘာသာတစ်ယောက်တည်း လှည့်လည်သွားလာနေတော့သည်။
တစ်နေ့မှာတော့ ရှားရှားပါးပါး သူ့လို '၅'တစ်လုံးနှင့် သွားတွေ့သည်။
"ခင်ဗျားက '၅' ပဲလား ....""ဟုတ်တယ် ... ကျုပ် '၅' ပဲ""ဟာ ... ပျော်စရာကြီးဗျာ ...."သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်ကြ၏။
အပျော်ကြီးပျော်ကြလေသည်။*****************
အခန်း ( ၂ )
ဒုတိယ ၅ ရောက်လာသည့်အတွက် ပထမ ၅ တွင် စိတ်ရှုပ်ထွေးစရာတွေရှိလာလေသည်။
ဒုတိယ ၅ ၏ မေးခွန်းကြောင့်ဖြစ်သည်။
"မင်းက '၅' တော့ဟုတ်ပါပြီ... တစ်ကနေမြင့်တက်လာတဲ့ '၅' လား ၊ '၉' ကနေ လျှောကျလာတဲ့ ' ၅' လား""ဟေ့အေး .... ငါမသိဘူး...""အေးကွာ...မသိတာဘဲကောင်းပါတယ်"
သူတို့သင့်မြတ်စွာနေထိုင်ကြလေသည်။
တစ်နေ့"ဟေ့ ... ဟိုမှာလည်း '၅' တစ်လုံး မဟုတ်လား"
"အေး ... ဟုတ်တယ်ကွ..."တတိယ ၅ ကို သူတို့တွေ့ဆုံရလေသည်။
ဖက်လှဲတကင်း နှုတ်ဆက်ကြ၏။
သူတို့အတူတကွ နေထိုင်ရန်ဆုံးဖြတ်ကြသည်။
တတိယ ၅ ၏ မေးခွန်းကို သူတို့မဖြေနိုင်ကြချေ။
" '၅' ဆိုတာတော့ ဟုတ်ပါပြီ ....မင်းတို့က ရလာဒ် '၅' ပဲလား ... အကြွင်း '၅' လား"" ဟာ ... အဲဒါတွေ တို့မသိဘူးကွာ""မသိတာပဲကောင်းပါတယ်ကွာ .....""ငါတို့တွေ အတူနေကြမယ် ....."သူတို့ သိုက်သိုက်မြိုက်မြိုက် နေကြလေသည်။********************
အခန်း ( ၃ )
တစ်နေ့မှာ သူတို့ ပါတီပွဲတစ်ခု ကျင်းပကြသည်။
မြူးတူးခုန်ပေါက်ကြသည်။
တစ်ယောက်နှင့် တစ်ယောက် နပန်းသတ်ကြသည်။
ထိုသို့ လုံးထွေးသတ်ပုတ်ရင်း သူတို့၏ အနေအထားက အောက်ပါအတိုင်း ဖြစ်သွားသည်။
၅ / ၅ * ၅ ဖြစ်သွား၏။
"၀ုန်း ...."မူလ ၅ သုံးလုံး ပျောက်ကာ ၅ အသစ်တစ်လုံးထွက်ပေါ်လာ၏။
ထို ၅ ကမှ ပကတိ၊ ဘာကိုမှမသိ၊ သူ့ကိုယ်သူ ၅ မှန်းလည်းမသိ။
"ငါ ဘယ်သူလဲ ... ဘယ်ကကောင်လဲ ... ဒီနေရာမှာ ဘာလာလုပ်နေတာလဲ၊ဟင် ... ငါ့တစ်ကိုယ်လုံးမှာ အ၀တ်လည်း မပါပါလား ..."
ထိုသို့ပြောပြီး ဖင်ပြောင်လေးကို လက်နှင့်ကာရင်း တောတွင်းသို့
ပြေးဝင်ပျောက်ကွယ်သွားလေတော့သည်။
P.S
ဆရာကောင်းရာသုဂတိလားပါစေ။
0 comments:
Post a Comment