Tuesday, June 23, 2009

ဘောလုံးပွဲထဲကဘောလုံးပွဲ

ဘောလုံးတစ်လုံးထဲကလေထုဟာ .......

အောက်ဆီဂျင် လား ။

ကာဗွန်ဒိုင်အောက်ဆိုဒ်လား။

မွန်းကျပ်မှု့ထဲမှာလွတ်လပ်နေတဲ့ လေအမျိုးအစားတစ်ခုဆိုတာတော့သေချာတယ်။
ကျနော့် သားနဲ့ ကျနော့် အဖေကန်တဲ့ပွဲမှာ ဒိုင်အဖြစ်ကစားခဲ့တာ ကျနော် ပါ။

ကျနော်က ကမ္ဘာကြီး ကို လယ်ကွင်းထဲ ပစ်ချ ၊ ပွဲစအချက်ပေး ဝိစကိုီမှုတ်လိုက်တဲ့အခါမှာ ကျနော့်အဖေက ငယ်သွေး ငယ်ခြေ တွေပြပါတော့တယ်။

အာဒမ် က ဧဝ ပေါင်ကြားထဲ ကန်လိုက်တဲ့ ကန်ချက်မျိုး ........
မီးကိုတွေ့ပြီး လန့်ကန်လိုက် တဲ့ ယောင်ယောင်ကန်းကန်းကန်ချက်မျိုး.......
လူရိုင်း တစ်စု နှစ် တစ်စု သတ်ကြတဲ့ ကန်ချက်မျိုး.......
ကိုလံဘတ် မြောက်အမေရီးကား ကို တအား ကြုံးကန်လိုက်တဲ့ ကန်ချက်မျိုး......
ပထမကမ္ဘာ စစ်ကြီး ဦးကျိုးသွားတဲ့ ခွေးကျကျ တဲ့ကြောင် ရဲ့ ကန်ချက်မျိုး......
နွားနဲ့ကား အပြေးပြိုင် တဲ့ ကန်ချက်မျိုး......
ဟစ်တလာ အရူးထ တီးခတ် တဲ့ ဂျူး တွေ ဘုန်းဘုန်းသေ ကန်ချက်မျိုး......
ဟီရိုရှီးမား ကို အမေရီကန် ကန်လိုက် တဲ့ လေယဉ် ပေါ်က ကန်ချက်မျိုး......
ယဉ်ကျေးမှု့ တော်လှန်ရေးပြီးတဲ့ နောက် ကွန်မြူနစ်တွေကျရှုံးတဲ့ ကန်ချက်မျိုး.....


အဲ့ဒီလိုကန်ချက်မျိုးနဲ့ အဖေက တဝုန်းဝုန်း ကန်ခဲ့ပေ၊မဲ့ အဖေက တစ်ဂိုး တည်းရတယ် ။
အဲ့ဒီဂိုးက "သမိုင်း" တဲ့ ....
ဒီပွဲမှာ မီးစင်ကြည့်ကန်ခဲ့တဲ့ ကျနော့်သားက သူ့ ခေတ် သူ့  ဗျူဟာ တွေ နှင့် ကန်သွင်း ခဲ့သမျ နှစ်ဂိုးရတယ်။
ပထမဂိုးက "ပြောင်းလဲခြင်းအသစ်"
ဒုတိယဂိုးက "ငြိမ်းချမ်းရေးအစစ်" တဲ့
အဲ့ဒီဂိုးဟာ ...
တချို့  က "ဂိုးတယ်" ၊ တချို့  က "မဂိုးဘူး" တဲ့.

ခုတိကျနော် ဆုံးဖြတ် ရခက်နေဆဲ....
ကမ္ဘာကြီးကို ကျနော် တို့ ဆက်ကန်နေဆဲပဲ။

ကမ္ဘာ ကြီးထဲက လူသားတွေဟာ
ချစ်ခြင်း ရဲ့ သင်္ကေတတွေလား ?
မုန်း ခြင်း ရဲ့ သင်္ကေတတွေလား ?

ဘောလုံး ထဲရောက်နေတဲ့ ကွင်းလယ်ထဲ က ကစားသမား တွေဆိုတာတော့ သေချာတယ် ။

0 comments:

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP