Tuesday, June 16, 2009

စိတ်ကူးအိမ်ပြန်

စိတ်ကူးအိမ်ပြန်

တုန်ခါယိမ်းထိုးမှုနဲ့စခဲ့တဲ့
တည်ငြိမ်မှုမဲ့ စီးကြောင်းတစ်ခု
ခေတ်ရဲ့သယ်ဆောင်ရာ စီးဆင်းစိတ်နဲ့
ဝေးရာမှာ ကြီးပြင်းခဲ့ရတယ် . . .

နံနက်ခင်းတိုင်းမှာ
ငယ်ဘ၀ရဲ့တေးကိုသီ
ချစ်သူရဲ့ အနမ်းတွေကို ပြန်စီရင်း
ကောင်းကင်ကားချပ်မှာ ပန်းချီဆွဲ
ငါ့တကိုယ်လုံးလည်း အလွမ်းတွေနဲ့ စိုစိုရွှဲလို့ . . .

တခုသောမနက်ဖြန်မှာ
မင်းချစ်တဲ့ အိမ်လေးရှိရာ
မင်းပြန်ရမှာတဲ့
မရေရာမှုတွေများစွာထဲ
အဲဒါရော ဘယ်လောက်သေချာမှာလဲ
ငါမမျှော်လင့်ရဲဘူး
ဘာပဲဖြစ်ဖြစ်
ငါ့စိတ်ကူးတွေကို ရွက်လွှင့်မယ်
နွေးထွေးတဲ့ချစ်ခြင်းမေတ္တာ
ပျော်ခဲ့ဖူးတဲ့ နေ့ညများစွာ
ငါ့မိသားစုလေး ရှိရာဆီကိုပေါ့...။

နေဘုန်းလတ်

0 comments:

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP