Wednesday, July 29, 2009

အဆင်ပြေရဲ့လား




အဆင်ပြေရဲ့လား

အဆင်မပြေမှု့တိုင်းဟာ
အကောင်းစား ဟာသတွေဆို
လူတွေအားလုံး.....
မရယ်ရတဲ့ ပျက်လုံးတွေပဲ ကောက်ရလိမ့်မယ် ။ ။

သင် ကောက်ရခဲ့ဖူးတဲ့ ဟာသတွေနဲ့ သင် အဆင်ပြေရဲ့လား။

ကံကောင်းခြင်း....
ကံဆိုးခြင်း......
အရာရာဟာ သင့်အပေါ်မှာမှုတည်တယ်။
လူဖန်တီး တဲ့ ကံတရား ကိုတော့ ကျုပ်အမုန်းဆုံးပဲ ။ ။

ကောင်းတဲ့ ကံ အတွက်
ကံတရားကို သင်ဘာမှကျေးဇူးမဆပ်နိုင်သလို
မကောင်းတဲ့ ကံ အတွက်တော့
ကံတရားကို "နင့်ကြောင်"့ ဆိုပြီး အပြစ်ပုံမချ သင့်ဘူး ။ ။

သင် သင့်ကံတရားနှင့် အဆင်ပြေရဲ့လား။

သင့် ပတ်ဝန်းကျင် ငိုကြွေးနေချိန်မှာ...
သင်ရယ်မော ပျော်ရွှင်နေနိုင်မလား ။
သင်ငိုကြွေးနေတဲ့အခါမှာတော့
သင့် ပတ်ဝန်းကျင်က အပူကူးခံမှာမဟုတ်ဘူးနော် ။ ။

သင် သင့်ပတ်ဝန်းကျင်နှင့်ရော အဆင်ပြေရဲ့လား။


အဆင်ပြေပါရဲ့လား ။ ။
သက်အောင်(ကလောင်တိုက်ပွဲ)
ဇူလိုင် ၂၉။ ၂၀၀၉
နံနက် ၉ : ၅၆

6 comments:

မိုးစက်အိမ် July 30, 2009 at 1:44 AM  

ကောင်းတဲ့ ကံ အတွက်
ကံတရားကို သင်ဘာမှကျေးဇူးမဆပ်နိုင်သလို
မကောင်းတဲ့ ကံ အတွက်တော့
ကံတရားကို "နင့်ကြောင်"့ ဆိုပြီး အပြစ်ပုံမချ သင့်ဘူး
မှန်တယ် ညီလေးရေ...

နဒီမိုးညို July 30, 2009 at 2:26 AM  

ကျွန်တော်...အဆင်ပြေဖူးးးးးးးး...း(

Lucifer July 30, 2009 at 7:50 AM  

နေမကောင်းတော့ ဘာပဲလုပ်လုပ် အဆင်မပြေဘူး မောင်သက်အောင်ရေ..

သုခုမလေဒီ August 1, 2009 at 10:57 AM  

ဟုတ်ကဲ့  အခုဆို အားလုံးနဲ့ အဆင်ပြေအောင်ကြိုးစား နေပါတယ်။ အဆင်မပြေတာတွေကတော့ ကြုံရတာပေါ့။
ခုလိုအသိပေးတာ ကျေးဇူးပါ

အနော် August 10, 2009 at 5:24 AM  

အဆင်မပြေမှု့တိုင်းဟာ
အကောင်းစား ဟာသတွေဆို
လူတွေအားလုံး.....
မရယ်ရတဲ့ ပျက်လုံးတွေပဲ ကောက်ရလိမ့်မယ်....
ဒါပေမဲ့ အနော်တို့ အခြေခံလူတန်းစား ပြည်သူတွေကတော့ အဆင်မပြေမှုတိုင်းကို ဟာသလုပ်ပီးပဲ ရယ်မောပစ်နေကြပါတယ် အကိုရေ

စိတ်၏ဖြေရာ August 14, 2009 at 12:41 PM  

လာလည်တာကျေးဇူးတင်ပါတယ်ကိုသက်အောင်ရေ..
အဆင်ပြေအောင်ကြိုးစားကြိတ်မှိတ်နေရတာပါဘဲ။
ရွှင်လန်းချမ်းမြေ့ပါစေရှင်။

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP