Friday, September 11, 2009

ငါ..အနုလောမ..ပဋိလောမ

ငါ..အနုလောမ..ပဋိလောမ

ငါ့ အတိတ် မှာ
ငါ့သိက္ခာချော်လဲဖူးခဲ့။

သို့ပေမယ့်
ငါ့စိတ်ကို
ငါ..အိတ်မှာအသေအချာထည့်
ငါ့အတိတ်ကိုဆုတ်ဖြဲပစ်လိုက်ရဲ့။

ကဲ..ငါ့မိတ်ဆွေတို့ရေ…
ငါ့အရိပ်ဟာ
ငါ့အတိတ်ပါပဲ
ငါ့စိတ်မှာ
ငါ့လိပ်ပြာ..သန့်ရှင်းခဲ့။

ခုတော့
ငါ့အိတ်မှာ
ငါသိက္ခာအပြည့်အဝနဲ့။ ။


ပိုင်စိုးဝေ
ကလျာမဂ္ဂဇင်း
ဇန်နဝါရီ၊ ၁၉၉၃



ဆရာပိုင်စိုးဝေရဲ့ကဗျာတစ်ပုဒ်ပါ။
ကဗျာတွေဖတ်ရင်း ဆရာမ မနော်ဟရီ ရဲ့ ကျမချစ်သောကဗျာများ မှာတွေ့လို့  ကူးယူဖော်ပြပါတယ်။

3 comments:

သုခုမလေဒီ September 11, 2009 at 9:36 PM  

ကဗျာလေးကြိုက်လို့ ပြန်ကူးသွားတယ်။ ကျေးဇူးအထူးပါ။ အဆင်ပြေပျော်ရွှင်ပါစေ။

အနော် September 12, 2009 at 12:21 AM  

အကိုသက်အောင်ရေ
အနော်လဲ ဆရာပိုင်စိုးဝေရဲ့ ကဗျာတွေကို ကြိုက်တယ်
ဆရာ့ရဲ့ ကဗျာလေးကို ဖော်ပြပေးလို့ ကျေးဇူးပါနော်

မိုးစက်အိမ် September 12, 2009 at 4:39 AM  

ကောင်းတယ်ညီလေးရာကဗျာလေးက ကျေးဇူးဘဲ

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP