Monday, January 18, 2010

နိုဝင်ဘာ

နိုဝင်ဘာ

ငါ့ရဲ့ ရွှေအိပ်မက်ကို
ခြေကျင်းတွေလို ခွဲစိပ်ဝတ်ဆင်ထားတဲ့မိန်းမ
မြူခိုးနီညိုတွေကြားမှာ
စပယ်ကပိုကရိုနဲ့ ... လှလို့။

ငါ .. တစ်ပွင့်ပြီးတစ်ပွင့်ပြိုလဲ
နှင်း အဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့ ။ ။

တာရာမင်းဝေ

P.S
ဆရာ့ရဲ့ စာတွေကိုဖတ်မိတိုင်း ရင်ထဲနာကျင်နေအောင် မျက်ရည်ဝဲမိတယ်ဆရာ ။ ။
ဆရာ ကောင်းရာသုဂတိလားပါစေ ။

4 comments:

ဂျေဂျူဝိုင် January 21, 2010 at 4:52 AM  

ဟုတ်တယ်ဗျ။ ကဗျာလေးက တာရာမင်းဝေကို လှမ်းသတိရစေတယ်။

သက်အောင် January 21, 2010 at 9:24 PM  

ဟုတ်တယ်ဗျာ .. ကျနော်က ဆရာရဲ့ ကဗျာတွေ စာတွေဆို အကုန်ကြိုက်တာ ..

သော်ဇင်စိုး January 24, 2010 at 4:11 AM  

မျက်တောင်လေးရေ
မြေပြင်ပေါ်မှာကိုယ်နဲ့နေရစ်ခဲ့။
ဆိုတဲ့စာသားလေးအရမ်း ကြိုက်တယ်ဗျာ

Unknown November 1, 2012 at 9:53 PM  

ရင်ဘတ်ထဲ အောင့်နေအောင် သတိရမိတယ် ဆရာ(ရွှေဘုန်းလူ)

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP