အဆုံးသတ်မသွားဘူး
အဆုံးသတ်မသွားဘူး ..
ချစ်သူ ..
နင့် ကို ချစ်တဲ့ ငါ့ နှလုံးသားတစ်စုံကို
ငါ တမ်းတမက်မောခဲ့ဖူးတဲ့ .. မင့်နှုတ်ခမ်းပါးတစ်စုံ နဲ့ ..
ခြွေချ ဖျက်ဆီးလို့  ..
ဘဝ တစ်ခုလုံး ကြွေမွပျက်စီးသွားရင်တောင် ..
နင့် အနမ်းတွေကို စုပ်ယူခဲ့ဖူးတဲ့ ..
ငါ့ နှုတ်ခမ်းဖျား တစ်စုံနဲ့ ..
နင့် နှလုံးသားကို .. နမ်းရှိုက်သွားဦးမယ် ။ ။
နင့် ကို ချစ်တဲ့ ငါ့ နှလုံးသားတစ်စုံကို
ငါ တမ်းတမက်မောခဲ့ဖူးတဲ့ .. မင့်နှုတ်ခမ်းပါးတစ်စုံ နဲ့ ..
ခြွေချ ဖျက်ဆီးလို့  ..
ဘဝ တစ်ခုလုံး ကြွေမွပျက်စီးသွားရင်တောင် ..
နင့် အနမ်းတွေကို စုပ်ယူခဲ့ဖူးတဲ့ ..
ငါ့ နှုတ်ခမ်းဖျား တစ်စုံနဲ့ ..
နင့် နှလုံးသားကို .. နမ်းရှိုက်သွားဦးမယ် ။ ။
သက်အောင်(ကလောင်တိုက်ပွဲ)
4 comments:
ညီလေးရေ....
ဆက်ချစ်သွားဦးမယ်ဆိုတဲ့ သဘောလေးပေါ့...။
ကဗျာလေး ကောင်းတယ်....။
ခံစားမိတယ်...။
(နေကောင်းသွားပြီလားညီလေး....။ သတိရတယ်ဗျ...း))
ခင်မင်တဲ့
ဏီလင်းညို
ညီရေ ကဗျာလေးက မာန်ပါတယ် ...
ခံစားချက်ခြင်းတူလို့လား မသိဘူး ဖတ်ရတာ ထိတယ် ..
ပျောက်နေတာ ကြာပြီနော် ..
ကျွန်တော် နာမည် ပြောင်းထားတယ် ... ညရဲ့ကောင်းကင်ကို ကောင်းကင်ထဲ ပစ်သွင်းလိုက်ပြီ အကြောင်းရှိလို့ပါ ...
ကဗျာတွေ အားပေးနေပါတယ် ...
ဘာလို့လဲ မသိဘူးး ထိသွားတယ် ..း)
ကောင်းတယ်ဗျို့ ....ဆက်ရေးပါ ၃၇၆ရေ ဟီဟီးး
မိုက်ပ
Post a Comment