နှုတ်ဆက်ပါရစေ ..
နှုတ်ဆက်ပါရစေ ..
ကွဲအက်သွားခဲ့တဲ့ ..
နှလုံးသားတစ်စုံအတွက်တော့
ပြုတ်ကျခဲ့ဖူးတဲ့ ..
ဘဝတစ်ခုကိုပြန်မကောက်နေတော့ပါဘူး ။
ခွဲခွာချိန်တွေကို ..
လက်ပြနှုတ်ဆက်ခဲ့ပြီး ..
အနာဂတ် တွေကို ..
လက်ကမ်းကြိုလိုက်ကြရအောင် ။
ဝေးကွာခဲ့ကြပြီပဲလေ ..
လွမ်းလောက်စရမရှိတော့ပါဘူး..
အတူပိုင်ဆိုင်ခဲ့ကြဖူးတဲ့ ..
အတိတ်ရက်စွဲလေးတွေကိုတော့..
ရင်ခုန်သံရဲ့ ..
အတွင်းပိုင်းတစ်နေရာမှာ .. သော့ခတ် ..
ရေးခဲ့ဖူးတဲ့ ..
ဒိုင်ယာရီ အဟောင်းတစ်ခုအဖြစ်
အမှတ်ရရင်တော့ မကြာခဏ ..
ဖတ်ကြည့်မိနေဦးမှာပါလေ .. .. ။ ။
သက်အောင်(ကလောင်တိုက်ပွဲ)
3 comments:
အမှတ်မရလည်း ထုတ်ကြည့်နေမိရင်ကောကွာ ...
ဒိုင်ယာရီဆိုတာ ကြာလာရင် သမိုင်းပေါ့ ...
ခုတော့ ဒဏ်ရာတွေ ရိုင်းလိုက်တာ ...
နာကျင်ခြင်းကို မထုတ်ပြနိုင်သရွေ့
ရင်ခွင်ခလုတ်ကိုတော့ လော့ချထားမယ် ...
ညီလေးရေ.......
ပြန်ဖတ်ရင်တော့ အတော့်ကို ရသစုံတဲ့ ဒိုင်ယာရီလေးဖြစ်နေမှာနော်..........။
ကဗျာလေးကောင်းတယ်.......။
(နေကောင်းသွားပြီလား......ညီလေး)
ခင်မင်တဲ့
ဏီလင်းညို
ငါ့ခံစားချက်နဲ့လည်း တိုက်ဆိုင်တယ်
Post a Comment