Monday, November 8, 2010

မြဝတီ တိုက်ပွဲ .. ပြောင်းလဲမှု့တွေရှိလာနိုင်မလား ?

မြဝတီ တိုက်ပွဲ .. ပြောင်းလဲမှု့တွေရှိလာနိုင်မလား ?


မြန်မာနိုင်ငံကို ဆက်သွယ်ရတာကလဲ အခတ်တွေ့နေတော့ သတင်းကို လွယ်လွယ်နဲ့ မရနိုင်ဘူးဖြစ်နေတယ် ။
မနက်ကမှ သူငယ်ချင်းတစ်ယောက်ကမြဝတီမှာရှိတဲ့ သူ့ အကို ကို ဖုန်းဆက်တော့မှ တကယ် တိုက်ပွဲဖြစ်နေတယ်ဆိုတာ
သိရတယ် လို့  ပြောပြသွားပါတယ် ။

နအဖ စစ်တပ် တွေနဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှ
ဗိုလ်နှုတ်ခမ်းမွေး ( ဗိုလ်မှူးကြီး စောလားပွယ်) တပ်တွေ မြဝတီမြို့မှာတိုက်ပွဲ ဖြစ်နေတယ်လို့ သတင်းထွက်နေတာ တစ်နေ့ကတည်းကပါ .. ဒါပေမယ့် .. တကယ်တမ်းစတင်ဖြစ်ခတ်ကြတာက ယနေ့ နံနက်မှပါ ။

စစ်အစိုးရတပ်တွေက စပစ်တယ်လို့ ကြားသိရပြီး ..
စစ်အစိုးရက တပ်တွေ အားဖြည့်နေပါတယ် .. လက်နက်ကြီး နဲ့ ပစ်ခတ်မှု့တွေလဲရှိနေပါတယ် ။
ကရင်ပြည်နယ် ဘုရားသုံးဆူမှာ တိုက်ပွဲဖြစ်ခဲ့ပြီး DKBA တပ်ဖွဲ့များက ဘုရားသုံးဆူအရပ်ကို သိမ်းမိနေပါပြီ ။
နယ်ခြားစောင့်တပ်အချို့က ဒီကေဘီအေနှင့် ပါဝင်ပူးပေါင်းလာပြီး စစ်အစိုးရကို အရှိန်မြင့် တိုက်စစ် ဆင်နေပါပြီ။
ည အချိန်မှာတိုက်ပွဲ ဆက်ဖြစ်လာနိုင်ပါတယ် ။
မြဝတီမြို့ခံလူတွေကတော့ ထွက်ပြေးနေရပြီး ခုဆို ထိုင်းဘက်ရောက်နေကြပါပြီ ။
ဧရာဝတီ သတင်းဌာန မှာ တင်ထားတဲ့ သတင်းအရ လုပ်အပ်လာရင်တော့ KNU မှလဲ DKBA ကို ဝင်ကူမယ်လို့ ပြောပါတယ် ။ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်ကတော့ DKBA တပ်များကိုဝင်ကူဖို့ ရန် ဆုံးဖြတ်ချက်မရှိသေးကြောင်း သိရပါတယ် ။

ခုလိုတိုက်ပွဲဖြစ်တာနဲ့ ပတ်သက်ပြီး ကျနော့်အမြင်ကတော့ ..

ဒီလို အင်အားအများစု နဲ့ အနည်းစု တိုက်ပွဲဖြစ်နေတာဟာ နိုင်ငံအတွက် ကြီးကြီးမားမားပြောင်းလဲမှု့ရှိလာနိုင်မှာမဟုတ်ပါဘူး ။ ပြီးတော့ အင်အားအနည်းစု လဲ အထိနာမယ် ..
ဘာလို့ ကိုယ့်လူမျိုး အချင်းချင်း ပြန်သတ်နေတဲ့ အဖြစ်မျိုးကို အဖြစ်ခံမှာလဲဗျာ ..
စစ်အာဏာရှင်စနစ်က ရုန်းထွက်မယ် ..
တကယ်အစိုးရကိုဖြုတ်ချတော့မယ် စိတ်ရှိနေရင်တော့ ကျနော်တို့ သွေးချင်းတွေ ကိုယ်တိုင် အတူလက်တွဲပြီး တိုက်ပွဲဝင်မှ အောင်မြင်မှု့ရနိုင်ပါမယ် ။

တိုက်ပွဲဖြစ်ရတာဟာ စစ်အစိုးရရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေကို ချေမှုန်းခြင်း အကြံစည် တစ်ခုလဲဖြစ်နိုင်ပြီး ..တရားမျှတမှု့ မရှိတဲ့ ရွေးကောက်ပွဲ ကြောင့်လဲဖြစ်နိုင်ပါတယ် ။
ခုလိုအခြေအနေမှာ ဖြစ်သင့်တာကတော့ စစ်အစိုးရအနေနဲ့ ပြေလည်အောင် ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ် ။
တိုက်ပွဲတွေဖြစ်တော့ ပြည်သူတွေပဲ ကြားညပ်ရပြန်ပြီ ..
မတရား နယ်ခြားစောင့်တပ်တွေဖွဲ့နေတဲ့ အဖြစ်ဟာ ခုဆိုသွေးချင်းညီအစ်ကိုတွေကိုအချင်းချင်း ပြန်သတ်ခိုင်းတဲ့ အဖြစ်မျိုးဖြစ်နေရပါပြီ။

မဇ္ဈိမ သတင်းဌာနနဲ့ ပတ်သက်ပြီး "မြဝတီကို ဒီကေဘီအေ ခွဲထွက်များ မသိမ်းပါ" ဆိုတဲ့ ခေါင်းစဉ်နေ့ သတင်းတစ်ပုဒ်ကို အင်တာဗျူးနဲ့တင်ခဲ့ပါတယ် ..
အဲ့ဒါနဲ့ပတ်သက်ပြီး မဇ္ဈိမ သတင်းဌာနကို အမြင်မှားနေတဲ့ အဖြစ်လေးတွေလဲရှိနေတဲ့အတွက် ..
အမြင်အမှားမဖြစ်စေဖို့  တစ်ခုလောက်ပြောချင်ပါတယ် ။
သူတို့ သတင်းတင်ခဲ့တဲ့ အချိန်ဟာ တိုက်ပွဲဖြစ်နေတယ်လို့ ကောလဟလတွေသာ ထွက်နေချိန်ဖြစ်ပြီး တိုက်ပွဲတကယ်တမ်းဖြစ်တာက ယနေ့နံနက်မှပါ ..
နဂိုတည်းကမှ ပြည်ပသတင်းဌာနတွေကို အပြစ်ပြောနေတဲ့ သူတွေက ခပ်များများရယ်
ကိုယ်တွေကပါ လိုက်ပြောမိနေမယ်ဆိုရင်တော့ အပင်ပန်းခံသတင်းတွေယူပြီး
တို့ မြန်မာတွေအတွက် မီဒီယာလက်နက်နဲ့တိုက်ပွဲဝင်နေတဲ့ စေတနာကို စော်ကားသလိုဖြစ်နေတဲ့အတွက် စိတ်မကောင်းစရာပါပဲ ။

သက်အောင်(ကလောင်တိုက်ပွဲ) 

0 comments:

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP