မော်စကိုရောက်စစ်ခွေးများ အတွက် အိတ်ဖွင့်ပေးစာ
မော်စကိုရောက်စစ်ခွေးများ အတွက် အိတ်ဖွင့်ပေးစာ !!

ရုရှားရောက်စစ်ခွေးများ မင်္ဂလာပါ ။
ကျနော့် ဘလောဂ် ကိုဝင်ဖတ်တဲ့ သူတွေရဲ့ IP တွေမှာ ရုရှား က အများဆုံးဖြစ်နေတဲ့အတွက် အရမ်းကိုကျေနပ်ဝမ်းသာ မိပါတယ် .. အရှက်မရှိတဲ့ အခွက်များနဲ့ နိုင်ငံ့ဘဏ္ဍာ ကို ခိုးယူသုံးစွဲပြီး ပြည်သူတွေရဲ့ မျက်ရည်တွေကို မြိန်ရေယက်ရေ စားသုံး နေတဲ့ မော်စကိုရောက် စစ်ခွေးများ လူထုရဲ့ မသဒါရေစာကို ဒီထက်မကမျိုနိုင်ကြပါစေဗျာ ..
ပြည်သူတွေကျွေးတဲ့ ထမင်းစားပြီး ပြည်သူကို စော်ကားနေတာကတော့ အံ့သြစရာပဲဗျို့
စစ်အာဏာရှင်စနစ်ဆိုတာ ခွေးစိတ်ဝင်နေတဲ့ လူအုပ်စုတစ်စုကိုသာ အကျိုးပြုပြီး ဒီမိုကရေစီ စနစ် ဆိုတာကတော့ ပြည်သူလူထုကို ကိုယ်စားပြုတယ် ဆိုတာ တမင်းစားပြီးကြီးပြင်းတဲ့ လူစိတ်ရှိတဲ့ လူတိုင်းသိပြီးဖြစ်ပါတယ် ။
ခုတော့ .. ဒီမိုကရေစီစနစ် ရရှိရေးကြိုးပမ်းသူများကို ရန်သူထင် တိုက်ခိုက်ပြီး ပြည်ပရောက်နိုင်ငံ့ အရေး လှုပ်ရှားသူများကိုလဲ ဒေါ်လားစားများအဖြစ် ဝေဖန်ကာ ပြောဆိုပြီး သူတို့  ကိုယ်တိုင်က ဘာလဲဆိုတာကို မေ့နေကြပြီထင်ပါ့ ။
တကယ်ဆို အခကြေးငွေ မျှော်မှန်းပြီး ဘလောဂ်တွေ ရေးနေတဲ့ စစ်ခွေးတွေပဲဆိုတာ မြန်မာတိုင်းသိပါတယ် ။
ခွေးတောင် ထမင်းကျွေးတဲ့ လက်ကိုပြန်ကိုက်တတ်တဲ့ထုံးစံမရှိပါဘူး
ခုတော့ ပြည်သူပေးတဲ့ လခ ပြည်သုကျွေးတဲ့ ထမင်းကိုစားပြီး ကျေးဇူးကန်နေတဲ့ စစ်ခွေးများ အတွက် အိပ်မက်ဆိုးတွေ နဲ့ မကြာမှီ ဘဝ တစ္ဆေ အခြောက်ခံရတော့မှာဖြစ်ပါတယ် ။
တကယ်တော့ သူတို့  စွပ်စွဲ နေတဲ့ ပြည်ပရောက် မြန်မာ့ အရေး လှုပ်ရှားသူများဟာ ကိုယ့်ထမင်းကိုယ်စားပြီး နိုင်ငံအတွက် တိုက်ပွဲဝင်နေတာပါ ခုလို လှုပ်ရှားမှု့တွေအတွက် အခကြေးငွေ ရတဲ့ သူရယ်လို့  ရှားပါတယ် ။
စစ်ခွေးတွေ ပြောသလို ဒီမိုကရေစီ အရေးအကြောင်းပြပြီး တောင်းရမ်းနေတဲ့ သူတောင်းစားတွေလဲရှိပါတယ် .. ဒါပေမယ့် လူနည်းစုပါ .. ရုရှားရောက်စစ်ခွေးတွေလိုတော့ နအဖ က ချီးမြှင့်တဲ့ စာမှုခ "ရူပီး" တွေကို မျှော်လင့်ပြီး နိုင်ငံ့အရေး ဆောင်ရွက်နေတာမဟုတ်ဘူးနော့် !!
ဒေါ်လားစား ဘလောဂ်က စစ်ခွေးတွေရဲ့ လိမ်ပုံလိမ်နည်းကအစ စစ်တပ်ရဲ့ နည်းဗျူဟာအတိုင်းပဲ မရှိကို အရှိလုပ်ပြီး အင်အားတွေပြနေတာလေနာမည် အတုတွေသုံး nick အတုတွေသုံးပြီး မသိရင် စစ်အစိုးရကိုပဲ ထောက်ခံသူတွေများနေသယောင် .. တကယ်ကို ရယ်စရာပါလားနော်
Myanmar Express ကစစ်ခွေးတွေ ဟောင်လေ့ရှိပါတယ် ..
ဒီမိုကရေစီစနစ် မှာ အရေးပါတဲ့ "လွတ်လပ်စွာပြောဆိုခွင့်" (freedom of speech) "လွတ်လပ်စွာပုံနှိပ်ခွင့်" (freedom of press) စတဲ့ အခွင့်အရေးတွေကို အသုံးပြုပြီး သူတစ်ပါးကိုဝေဖန် လွတ်လပ်စွာ သဘောထားကွဲလွဲ ပိုင်ခွင့်ရှိတယ်ဆိုပဲ ..
နဂိုတည်းကမှ လူ့ အသိုင်းအဝိုင်းမှာ သုံးစားမရလို့  စစ်ထဲဝင်ပါတယ်ဆိုမှ စစ်ခွေးတွေရဲ့ အဆင့်အတန်းနဲ့ ပညာအရည်အချင်းကိုလဲ အပြစ်ပြောနေလို့ မရပြန်ပါဘူး ။
ဒါပေမယ့် အဲ့ဒီ အခွင့်အရေးတွေဟာ သူတစ်ပါးကို မတိုက်ခိုက် မစော်ကားခဲ့ရင်တော့ လွတ်လပ်စွာအသုံးပြုပိုင်ခွင့်ရှိပါတယ် ။ သတင်းအမှားတွေဖြစ်ပြီး သူတစ်ပါးရဲ့ အတွင်းအရေးကို ထိပါးလာမယ်ဆိုရင်တော့ ဒါဟာအခွင့်အရေးတွေကို အလွဲသုံးစားလုပ်ပစ်သလိုပါပဲ။
ရုရှားရောက်စစ်ခွေးတွေကသာ အခွင့်အရေး ဆိုတာကြီးကို အော်နေ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ နဲ့ သတင်းကို ဖော်ပြမိလို့  ဂျာနယ်တစ်စောင်ဆို အပိတ်ခံလိုက်ရတယ်ဆိုပဲ ။
ဒါကြောင့် အခွင့်အရေး ဆိုတဲ့ စကားလုံးကို သေချာ နားလည်သဘောပေါက်အောင် အရင်လေ့လာပြီးမှသာ
အဲ့ဒီ စကားလုံးတွေကို အသုံးပြုပါလို့ အကြံပြုရင်း စစ်ခွေးများရဲ့ အနာဂတ် ထမင်းဝဖို့  အရေး တွေးမျှော်လို့  ဒီစာလေးကို အဆုံးသတ်ပါရစေဦး ။
သက်အောင်(ကလောင်တိုက်ပွဲ)
P.S .. စစ်ခွေးများဟု သုံးစွဲ ရာတွင် အစာကျွေးသော လက်ကိုပြန်ကိုက်တတ်တဲ့ ကျေးဇူးမသိ စစ်ခွေးများကိုသာ ရည်ရွယ်ပါသည် ။
2 comments:
ရုရှားရောက်စစ်ခွေးတွေလိုတော့ နအဖ က ချီးမြှင့်တဲ့ စာမှုခ "စတာလင်" တွေကို မျှော်လင့်ပြီး နိုင်ငံ့အရေး ဆောင်ရွက်နေတာမဟုတ်ဘူးနော့် !!
အဲဒါ ဘာကိုရည်ရွယ်တာလဲဗျ။ နားမလည်လို့ပါ။ နည်းနည်းလောက်ရှင်းပြပေးနိုင်မလား။ ရုရှားသုံးငွေကို ဆိုလိုရင် မှားနေပါပြီ။ ရုရှားသုံးငွေက ရူဘယ်လ် ဖြစ်ပါတယ်။
ယူနစ်တွေ ပြောင်းသွား တာပါ
ပြည်သူပိုင် ပစ္စည်းတွေလား
ပြည်သူ့ပိုင် ငွေလား
အဲ့ရောက်အောင် မင်းတို့ အမေ ပိုက်ဆံ နဲ့
သွားကြတာလား
လူတိုင်း သိတာပဲ၊၊
Post a Comment