Showing posts with label အမှတ်တရလေးတွေ. Show all posts
Showing posts with label အမှတ်တရလေးတွေ. Show all posts

Thursday, January 7, 2010

အမှတ်တရများကို ပြန်လည်တူးဖော်ခြင်း

ကျနော့် အမှတ်တရများရဲ့ အတိတ်ကို ပြန်လည်တူးဖော်ကြည့်ခြင်းပဲဖြစ်ပါတယ်

လျှော့ဈေး


ဘဝ

အတ္တကို ကျောချင်းကပ်

ဒုက္ခ နဲ့ စိန်ပြေးလိုက်တမ်းကစားနေလိုက်ပုံများ

မာနတွေတောင် မသိမသာ ပျောက်ဆုံးခဲ့ရ

ရှက်..လိုက်...တာ

ငါ့ကိုယ်ငါတောင် မျက်နှာချင်းမဆိုင်ချင်ဘူး

မရောက်သေးတဲ့ မနက်ဖြန်တွေကို

လေလံစွဲ လျှော့ဈေးနဲ့ရောင်းထုတ်လိုက်တော့မယ် ။


သက်အောင်(ကလောင်တိုက်ပွဲ)


ဒီကဗျာလေးကတော့ ကျနော်ရေးခဲ့တဲ့ ကဗျာတွေထဲမှာ အကြိုက်ဆုံးကဗျာလေးပါပဲ ။
ကဗျာလေးကိုရေးတုန်းက အရမ်းစိတ်ဓာတ်တွေကျနေပြီး ဒီအတိုင်း ဟိုတွေးဒီတွေးနဲ့ရေးမိလိုက်တာ ။
ဒါပေမယ့် ရေးပြီး ပြန်ဖတ်ကြည့်တော့ ကြိုက်နေတာနဲ့ ပြန်တောင်မပြင်ဖြစ်တော့ဘူး ။

လာရောက်အားပေးတဲ့ ညီအစ်ကိုမောင်နှမအားလုံးကိုကျေးဇူးတင်ပါတယ်။

ရှင်သန်ရဦးမယ်


ကျနော် က သက်အောင် လား ။


သက်အောင် က ကျနော် လား ။

~~~~~~~~~~~~~~~~~~~

ကျနော်ဟာ ရှင်သန်နေဆဲ သက်ရှိတစ်ဦးပါ။

သက်အောင် အတွက် ကျနော် က ရှင်သန်နေရတာလား ။
ကျနော့် အတွက် သက်အောင် က ရှင်သန်နေရတာလား ။

ဒါပေမဲ့..........

မျော်လင့်ချက် တစ်ခုတည်း ဦးတည်ချက်တစ်ခုတည်းနဲ့ ရှင်သန်နေကြတာတော့သေချာတယ်။
ရှင်သန်နေဆဲပါပဲ................,

~~~~~~~~~~~~~~~~~~

......လွန်ခဲ့သော ၁၅ နှစ်ခန့်က......

ကျနော်အမှတ်မထင်ပဲ လည်ပတ်မှု့ အဆုံးမရှိ လည်မြဲလည်ပတ်ဆဲ စက်ဝိုင်းကြီး တစ်ခုအထဲ ကို ဝင်ရောက် လည်ပတ်ခဲ့တယ် ။

စက်ဝိုင်းကြီးထဲကိုဝင်ရောက်သွားသူတိုင်းဟာထွက်ပေါက်ပိတ်မိသွားပြီးစက်ဝိုင်းကြီးနှင့်အတူ
မရပ်မနားလည်ပတ်နေကြရတယ် ။ အဆုံးမရှိဘူးပေါ့ ။
အားလုံးဟာလည်ပတ်နေရင်းထွက်ပေါက်ကိုရှာဖွေနေကြတယ်။ တချိုကလည်ပတ်နေရင်းထွက်ပေါက်ကိုရှာတွေ့ခဲ့ကြတယ်။
သူတို့ဘယ်လိုရှာတွေ့တယ်ဆိုတာဘယ်သူကိုမှမပြောသွားကြဘူး ။
ကျန်ခဲ့တဲ့သူတွေကလဲဘယ်သူမှ အဖြေရှာလို့ မရခဲ့ကြဘူး။

~~~~~~~~~~~~~~~~

အဲ့လိုနဲ့.............

ကျနော်လည်းသတိလက်လွတ်ဝင်ရောက်လည်ပတ်နေရင်းအလည်လွန်မှန်းသိတဲ့အချိန်မှာ
ထွက်ပေါက်ပိတ်မိသွားပြီ ။ ထွက်ပေါက်ပျောက်နေပြီ ။ မရပ်မနားစက်ဝင်းကြီးနှင့်အတူ လည်ပတ်ရတော့မယ်။

ဒီလိုဖြစ်မယ်မှန်းသိရင် ဘယ်ဝင်ခဲ့ပါ့မလဲ ။ မဝင်ဖြစ်ခဲ့ပါဘူး ။
နောင်တ ကို နောင် မှ တ ခဲ့မိပြီပေါ့ ။

~~~~~~~~~~~~~~~~~~

ကျနော်လည်း ပေါက်တဲ့ နဖူး မထူးတော့ပါဘူး ဆိုပြီးအားလုံးလိုပဲ ဝင်ရောက် လည်ပတ်နေလိုက်တယ်။ လည်ပတ်နေရင်း မျက်စိရှေ့မှာတင် ကျနော့်မိတ်ဆွေအချို့  ထွက်ပေါက် ကိုရှာတွေ့ပြီး ထွက်ခွာ သွားကြတယ်။ နှုတ်ဆက်ခွင့်တောင်မရပဲ ခွဲခွာ သွားကြတယ်။

ကျနော်လည်းသူတို့ နည်းတူတစ်နေ့နေ့ မှာထွက်ပေါက်ကိုရှာတွေ့မလားဆိုတဲ့မျော်လင့်ချက် တစ်ခုတည်း နဲ့ ဆက်လက် လည်ပတ်နေရင်း...............
ရှင်သန်ရတယ် ။
ကြီးရင့်ရတယ် ။
အတွေ့အကြုံအသစ်တွေရှာဖွေရတယ် ။
ပေးဆပ်စရာရှိတာကို ပေးဆပ်ခဲ့တယ် ။
ရယူစရာရှိတာတွေကိုရယူခဲ့တယ် ။

ဒီလိုနဲ့......

မျော်လင့်ချက်လေးတစ်ခုအတွက် ကျနော်ရော သက်အောင်ပါ ဆက်လက်ရှင်သန်ကြတယ် ။
ရှင်သန်နေဆဲ.....
ရှင်သန်နေရဦးမယ်။
သက်အောင်(ကလောင်တိုက်ပွဲ)
ည ၁၁:၂၀
ဇူလိုင်လ ၁ ၊ ၂၀၀၇




ဒီစာပုဒ် လေးကလွန်ခဲ့တဲ့ ၂ နှစ် ကျွန်ုတော့် အသက် ၁၅ စာစရေးကာစ ကရေးထားခဲ့လေးပါ။
ကျနော် ရဲ့ တစ်ပုဒ်တည်းသော စာပုဒ်လေးပါပဲ ။ အဲ့ဒီနောက် ဘာမှထပ်မရေးဖြစ်သေးပါဘူး ။
ဘာဆိုဘာမှမပြင်ပဲ မှုရင်းအတိုင်းပဲပြန်တင်လိုက်ပါတယ် ။ မပြီးပြည့်စုံသေးဘူးထင်ပါတယ်။

သည်းခံပြီးဖတ်ပေးကြပါ နော်။



အမှိုက်

ရက်စက်စွာနဲ့လမ်းတဝက်မှာ
ပစ်ချခံခဲ့ရသူငါဟာ "အမှိုက်"


ကောက်သိမ်းသူမဲ့ လူရကာရွံရှာတဲ့ငါဟာ
ဦးတည်ရာမယ့် ခိုနားရာမဲ့ လွှင့်မျောနေခဲ့


တွေးနေဆဲ ဟိုး........တစ်ခါကို
အတိတ်ကို တွေးနေရင်းနဲ့ ငါ
အနာဂတ်တွေတောင်ပျောက်ဆုံးနေပြီ


ဘယ်ကိုသွားနေလဲ?
ဘာတွေလုပ်နေလဲ?


ငါ........မ........သိ .........ဘူး။ ။


စဉ်းစားညဏ် မဲ့ အသိ တရားကင်းလွတ် စွာနဲ့
ငါ့ကို လေပြင်း က မျက်စောင်းတစ်ချက်နဲ့
ဟိုး........အဝေးပို.ခဲ့ပြီ


ဒါပေမယ့်................


အမှိုက် ဟာ...အမိုက် ပါပဲ
အသိတရားမဲ့ ဆက်၍ မိုက်နေဆဲ....။ ။


သက်အောင်(ကလောင်တိုက်ပွဲ)

ဒီကဗျာလေးကတော့ ကျနော့်ဘဝမှာ ပထမဦးဆုံးရေးမိတဲ့ကဗျာလေးပေါ့ ။
အဲ့တုန်းက ကျနော် US ကိုရောက်ကာစ မိဘနဲ့ ပြန်တွေ့ရတဲ့ အချိန်ပေါ့ ။
မေမေနဲ့ကလဲ မတွေ့ရတာ ၄ နှစ်လောက် အဖေနဲ့ကလဲ မတွေ့ရတာ ၇ နှစ်လောက်ရှိပြီဆိုတော့
သူတို့ ကလဲ
ကျနော့်အကြောင်းကိုမသိသေး ကျနော်ကလဲ ရန်ကုန်မှာ အဖွားနဲ့ နေခဲ့ရတော့ အိမ်မှာဆို ဗိုလ် ပဲလေ အဲ့လိုဂျစ်ကန်ကန်နဲ့ ပြန်မပြောနားမထောင်ဆိုတော့ မိသားစုပြန်ပြီး တွေ့ဆုံပေါင်းဆည်းရတာကို ပျော်ရွှင်စရာတွေတွေ့ကြုံရမယ့်အစားခဏခဏ နောင်ဂျိန်ချပြီး စစ်စဉ်ရေး ဆင်းနေရတာပေါ့ ။ ကျနော်ကလဲ လွတ်လွတ်လပ်လပ် နေခဲ့ရတဲ့သူဆိုတော့ ကျနော့်ကို လာပြီး ဟိုဟာမလုပ်နဲ့ဒါမလုပ်နဲ့ဆို အရမ်းမုန်းပဲ ရွဲ့ပြီးပိုလုပ်ရော .. အဲ့လို အိမ်နဲ့လဲ အစဉ်မပြေ မြန်မာပြည်လဲပြန်ပြေးချင်စိတ်ပေါက်တုန်းကရေးထားတဲ့ ကဗျာလေးပါ ။

ကဗျာလေးနဲ့စာလေးတွေကို လာရောက်အားပေးကြတဲ့ ညီအစ်ကိုမောင်နှမအားလုံးကို ကျေးဇူးကမ္ဘာပါပဲ။
ကျနော် စာရေးဆရာ ကဗျာဆရာ တစ်ဦးတော့မဟုတ်ပါဘူး ။
ဒါပေမယ့် စာပေအနုပညာကို မြတ်နိုးတန်ဖိုးထားသူတစ်ဦးပါ ။

ကျနော်ရေးတဲ့ ကဗျာတွေစာတွေအားလုံးဟာ ကျနော့်ရဲ့ စိတ်ခံစားမှု့ကနေ ပြောင်းလဲလာရတဲ့ စာလုံး စကာလုံးလေးတွေပါ ။
ဖတ် ပြီး အကြိုက်တွေ့တယ်ဆိုရင်တော့ ဝမ်းသာစရာပေါ့ ..
အကြိုက်မတွေ့ဘူးဆိုခဲ့ရင်လည်း ...
ကြောင်တောင်တောင်လူတစ်ယောက် ဟိုခြစ်ဒီခြစ် ခြစ်နေတယ်ပဲ မှတ်ပေးလိုက်ပါတော့ ။


ကျေးဇူးအထူးတင်ပါတယ်။

သက်အောင် (ကလောင်တိုက်ပွဲ )

Monday, September 28, 2009

သက်အောင် ဆိုတာ ဘယ်သူလဲဟင် ? Take My Quiz !

အဟင်းအဟင်း.. စကားလေးပြောပါရစေ။

သက်အောင်ရဲ့ ကိုကိုကြီး ကိုကိုလေး မမကြီး မမလေး တို့ ကို သက်အောင် နဲ့ပတ်သက်ပြီး သက်အောင် အကြောင်းဘယ်လောက် သိလဲ မေးခွန်းလေးတွေမေးမယ်နော် ။ အောက်မှာရှိတဲ့ Quiz လေးကိုသွားပြီး မေးခွန်းလေးတွေသွားဖြေလိုက်ပါဦး ။ မှန်အောင် ဖြေနိုင်တဲ့သူကို အာဘွား ပေးမယ်နော် ။





Who is he ?
1) Where am i from ?

Burma

Korea

Africa

America

မှန်အောင်ဖြေကြနော်


သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP