အလွှမ်းသင့်လူ
ဟိုးတစ်ခေါ်က...
သူရဲအိုမြူထွေးတွေနဲ့...
မိုးကိုမျော်လို့ ဗုံတီးလေရဲ့ .......။
ပင်လယ်က..
အံစာလို ခြောက်မျက်နှာနဲ့
မာယာတွေ ..
သူမို့မွေး - ထုတ် - တတ် .......၊
ကောင်းကင်က..
လေဘယ်လို ..ဝှေ့ဝှေ့
ကြယ်တွေပဲ ...
နောက်ဆုံးပျို့ - အန် - ရ .......၊
ဘယ်လိုဥတုကို... ဖျော်ရောင်းရောင်း
အပြုံးတုတွေ...၀ါးပြီး
(ငါ)...
အာမညောင်း ချင်ဘူး .......။
ရင်ဘတ်က ...
ချိန်သီးလိုဘယ်လိုစွင့်စွင့်...
ဘောင်တစ်ခုလိုလှုပ်ခွင့်ရတာ ကြာပေါ့ .......။
ပက်လက်ကြီးဖြစ်တဲ့....မြစ
်ဂီတမရှိ ၊ ဘာမရှိ နဲ.
အက္ခရာပျောက်... ဒီကျောက်စာက
ခတ်ဆတ်ဆတ်.. မက်မက်ရပ်လို့
ဘောလောပေါ် အိမ်မက်နဲ.
(ငါ)
မအိပ်ချင်ဘူး .......။
ငါဆိုတာ ...
တစ်ခါတစ်ခါဘယ်လို ...
သမိုင်းကိုကိုက်ရမလဲလို့...
ကြည့်တတ်တဲ့တေလေကြွက်တစ်ကောင် .......။
ဒီလိုပါဘဲ ......
ဒီလိုပါဘဲ .....
ဒီလိုပါဘဲ .....
အပြုံးတစ်ခုနဲ.ဆက်ပြီးတော့လွမ်းနေ .......။
သစ်ညိုပင်လို ...အိုပြီး
အငွေ့သစ်ဖြစ်တဲ့... မြူ....
မရမ်းရင့်ရင့်...
အလွမ်းသင့် "လူ" .......။
သူရဲအိုမြူထွေးတွေနဲ့...
မိုးကိုမျော်လို့ ဗုံတီးလေရဲ့ .......။
ပင်လယ်က..
အံစာလို ခြောက်မျက်နှာနဲ့
မာယာတွေ ..
သူမို့မွေး - ထုတ် - တတ် .......၊
ကောင်းကင်က..
လေဘယ်လို ..ဝှေ့ဝှေ့
ကြယ်တွေပဲ ...
နောက်ဆုံးပျို့ - အန် - ရ .......၊
ဘယ်လိုဥတုကို... ဖျော်ရောင်းရောင်း
အပြုံးတုတွေ...၀ါးပြီး
(ငါ)...
အာမညောင်း ချင်ဘူး .......။
ရင်ဘတ်က ...
ချိန်သီးလိုဘယ်လိုစွင့်စွင့်...
ဘောင်တစ်ခုလိုလှုပ်ခွင့်ရတာ ကြာပေါ့ .......။
ပက်လက်ကြီးဖြစ်တဲ့....မြစ
်ဂီတမရှိ ၊ ဘာမရှိ နဲ.
အက္ခရာပျောက်... ဒီကျောက်စာက
ခတ်ဆတ်ဆတ်.. မက်မက်ရပ်လို့
ဘောလောပေါ် အိမ်မက်နဲ.
(ငါ)
မအိပ်ချင်ဘူး .......။
ငါဆိုတာ ...
တစ်ခါတစ်ခါဘယ်လို ...
သမိုင်းကိုကိုက်ရမလဲလို့...
ကြည့်တတ်တဲ့တေလေကြွက်တစ်ကောင် .......။
ဒီလိုပါဘဲ ......
ဒီလိုပါဘဲ .....
ဒီလိုပါဘဲ .....
အပြုံးတစ်ခုနဲ.ဆက်ပြီးတော့လွမ်းနေ .......။
သစ်ညိုပင်လို ...အိုပြီး
အငွေ့သစ်ဖြစ်တဲ့... မြူ....
မရမ်းရင့်ရင့်...
အလွမ်းသင့် "လူ" .......။
P.S
သိမ်းထားတာကြာပါပြီ။
စာတွေပြန်ဖတ်ရင်းနဲ့တွေ့လိုတင်လိုက်တာပါ။
0 comments:
Post a Comment