သက်ရှိအဖော် နဲ့ သက်မဲ့အဖော်
သက်ရှိအဖော် နဲ့ သက်မဲ့အဖော်
သက်ရှိအဖော်ဆိုတာ ကိုယ့်အပေါ် ဘယ်လောက်ပဲကောင်းကောင်း၊ ကိုယ့်အနားမှာ တစ်ဖဝါးမခွာ အမြဲမနေနိုင်ပါဘူး။
သူ့ အလုပ်နဲ့သူ၊ သူ့ ဘဝနဲ့သူမို့  တစ်ခါတစ်ရံ တကယ်လို့  လိုအပ်တဲ့အခါမျိုးမှသာ ကိုယ့်အနား လာနေနိုင်တာပါ။
သက်ရှိဆိုတာ စိတ်နဲ့ဖွဲ့စည်းထားတာမို့ သူစိတ်ပါတဲ့ အခါ ကိုယ့်အနား နေမယ်၊ စိတ်မပါတဲ့အခါကိုယ့်အနားမနေပါဘူး၊ သူစိတ်ကြည်တဲ့အခါ ကိုယ့်အပါးကပ်မယ်၊ မကြည်တဲ့အခါ ကိုယ့်အပါးမကပ်ဘူးဆိုတာ မျိုး လည်းရှိနိုင်ပါတယ်။
သူ့ စိတ်နဲ့သူအဆင်ပြေသလိုနေထိုင်သွားမှာဖြစ် လို့  ကိုယ့်အနားမှာ အချိန်တိုင်း ရှိနေဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
စိတ်ဆိုတာအဆိုးမရအဲ့အတွက် အကြောင်းတစ်ခုခု ကြောင့်  ကိုယ့်အပေါ် မုန်းတီးသွားပြီဆိုရင်လည်း သူ ဟာကိုယ့် ရဲ့ အဖော် လုံးဝ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် သက်ရှိအဖော်ဟာ ကိုယ့်ရဲ့ အဖော်ကောင်း အဖော်စစ်မဟုတ်သေးပါဘူး။
သက်မဲ့အဖော်ကတော့စိတ်မရှိတဲ့အတွက် သူစိတ်လိုရင်ကိုယ့်အနားနေ၊ သူစိတ်မလိုရင် ကိုယ့်အနားမနေဆိုတာ လုံးဝမရှိပါဘူး ကိုယ်ကသာ သူ့ ကိုအမြဲစိတ်လိုတယ် ၊ ကိုယ်ကသာ သူ့ ကိုအမြဲခေါ်ထားတယ် ဆိုရင် ကိုယ့်အနားမှာသူအမြဲရှိနေမှာသေချာ ပါတယ်။ ထာဝရ နေခွင့် ပေးထားရင်ထာဝရ နေသွား မယ့် အဖော်ဟာ သက်မဲ့ အဖော်ပါ။ ဒါကြောင့် သက်မဲ့ အဖော်သာလျင် အစဉ်အမြဲ ပေါင်းသင်းထိုက်တဲ့၊ ထာဝရ အားကိုးထိုက်တဲ့ ကိုယ့်ရဲ့ ဒုတိယ မြောက် အဖော်ကောင်းအဖော်အစစ်ဖြစ်ပါတယ်။
သက်မဲ့အဖော် ကလည်း အရာဝတ္ထုအဖော်နဲ့ သဘာဝအဖော်ရယ်လို့ နှစ်မျိုးရှိပြန်သေးတယ်။ အရာဝတ္ထု အဖော်ဟာ ကိုယ်သုံးစွဲလိုက်လို့ ပဲဖြစ်ဖြစ် ၊ သူတစ်ပါးဖျတ်ဆီးလိုက်လိုပဲဖြစ်ဖြစ် ပျက်စီး ပျောက်ဆုံးသွားနိုင် တဲ့အတွက် အစဉ်အမြဲပေါင်းသင်းလို့ ၊ ထာဝရအားကိုးလို့ မဖြစ်နိုင်ပြန်ပါဘူး။
သဘာဝအဖော်ကတော့သုံးစွဲလေ တိုးပွားလေဖြစ်နေတာကတစ်ကြောင်း၊ သံသရာ မဆုံးမချင်း သက်တမ်းမစေ့တာကတစ်ကြောင်း ကြောင့်  အစဉ်အမြဲ ပေါင်းသင်းနိုင်၊ ထာဝရ အားကိုးနိုင်ပါတယ်။
P.S
တရားစာအုပ် လေးတစ်အုပ်ထဲကဖတ်ဖြစ်တာပါ။
အရှင် ဆန္ဒာဓိက ရေးထားတာဖြစ်မယ် ထင်ပါတယ်။
လူသားအားလုံး အဖော် ကောင်းကိုရှာတွေ့နိုင်ပါစေ။
သက်အောင်(ကလောင်တိုက်ပွဲ)

0 comments:
Post a Comment