Thursday, June 4, 2009

“ငါတို့ ပြန်တွေ့ကြမယ် သူငယ်ချင်း ”

“ငါတို့ ပြန်တွေ့ကြမယ် သူငယ်ချင်း ”



ကောင်းကင်ပြာကို
တိမ်ညစ်တို့ အုပ်စိုး
ပြီးတော့ ..
အက်ဆစ်မိုးတို့ ရွာချ
ဘ၀တွေ နစ်မွန်း သွားကြတယ်။

ကျေးငှက်တွေက အတောင်ပံတွေကို တမ်းတ
ပန်းပွင့်တွေက ရနံ့တွေကို သတိရ
စမ်းချောင်းတွေက စီးဆင်းခွင့်တွေကို မျှော်လင့်ကြရင်း
စိတ်ကူးတွေကို မြိုသိပ်
တိတ်တဆိတ် ခရီးဆက်ကြတယ်။

တနေ့နေ့ပေါ့…
တိမ်ညစ်တို့ ဖရိုဖရဲ
မိုးစက်တွေ စဲမယ့် တစ်နေ့
ငြိမ်းချမ်းခြင်းရဲ့ ရှေ့မှာ
ငါတို့ ပြန်တွေ့ကြမယ်။ ။

နေဘုန်းလတ်

P.S

နေဘုန်းလတ်နှင့်တကွ မတရား အဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းသမားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာရန် ဝိုင်းဝန်းကြိုးပမ်းကြပါစို့။

0 comments:

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP