Friday, June 19, 2009

ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ်
"ဘဝ" ဆိုတဲ့

စကားလုံးတစ်လုံးရဲ့

ခတ်ဆစ် ကို

လေးနက်စွာ

အဓိပ္ပါယ် ဖော်ပေးခဲ့တဲ့

"ဒုက္ခ"

နင့်ကို...................ငါ

ကျေးဇူးတင်ပါတယ်။ ။



ဒုက္ခရေ......

ဘဝ နှင့် အတူ ငါ့ရဲ့

ဒိုင်ယာရီ အတွင်း မှာ

အဓိပ္ပါယ် မဲ့

ဝါကျတွေတွေ

တည်ဆောက်နေတုန်း

............လောဘ

............ဒေါသ

............မောဟ

သူ တို့တွေလည်း

ငါ့ရဲ့

ဒိုင်ယာရီ အတွင်းမှာ

နေရာယူပြီးကြလေရဲ့

သူတို့ကိုဖိတ်ခေါ်လာခဲ့တဲ့

"အတ္တ"

နင့်ကို လည်း........... ငါ
ကျေးဇူးတင်ပါတယ်။ ။


နောက်ဆုံးတော့.......

သူတို့ ကိုဝင်ခွင့်ပေးခဲ့တဲ့ ငါ

သူတို့ နှုတ်ဆက် ပြန်အထွက်မှာ .....

"လောကဒဏ်" နဲ့အတူ

ကျန်နေခဲ့ပါရဲ့.......

ချန်နေရစ်ခဲ့တဲ့

ငါ့ကိုငါ လည်း.......

ကျေးဇူးတင်ပါတယ်။ ။

သက်အောင်(ကလောင်တိုက်ပွဲ)
ဧပြီ ၂၆ ,၂၀၀၉
နံနက် ၀၂:၁၆

0 comments:

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP