Friday, June 19, 2009

အမှိုက်

အမှိုက်


ရက်စက်စွာနဲ့လမ်းတဝက်မှာ
ပစ်ချခံခဲ့ရသူငါဟာ "အမှိုက်"


ကောက်သိမ်းသူမဲ့ လူရကာရွံရှာတဲ့ငါဟာ
ဦးတည်ရာမယ့် ခိုနားရာမဲ့ လွှင့်မျောနေခဲ့


တွေးနေဆဲ ဟိုး........တစ်ခါကို
အတိတ်ကို တွေးနေရင်းနဲ့ ငါ
အနာဂတ်တွေတောင်ပျောက်ဆုံးနေပြီ


ဘယ်ကိုသွားနေလဲ?
ဘာတွေလုပ်နေလဲ?


ငါ........မ........သိ .........ဘူး။ ။


စဉ်းစားညဏ် မဲ့ အသိ တရားကင်းလွတ် စွာနဲ့
ငါ့ကို လေပြင်း က မျက်စောင်းတစ်ချက်နဲ့
ဟိုး........အဝေးပို.ခဲ့ပြီ


ဒါပေမယ့်................


အမှိုက် ဟာ...အမိုက် ပါပဲ
အသိတရားမဲ့ ဆက်၍ မိုက်နေဆဲ....။ ။


သက်အောင်(ကလောင်တိုက်ပွဲ)
မတ် ၃ ၊ ၂၀၀၇

0 comments:

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP