ရှင်သန်ရဦးမယ်
သက်အောင် က ကျနော် လား ။
~~~~~~~~~~~~~~~~~~~
ကျနော်ဟာ ရှင်သန်နေဆဲ သက်ရှိတစ်ဦးပါ။
သက်အောင် အတွက် ကျနော် က ရှင်သန်နေရတာလား ။
ကျနော့် အတွက် သက်အောင် က ရှင်သန်နေရတာလား ။
ဒါပေမဲ့..........
မျော်လင့်ချက် တစ်ခုတည်း ဦးတည်ချက်တစ်ခုတည်းနဲ့ ရှင်သန်နေကြတာတော့သေချာတယ်။
ရှင်သန်နေဆဲပါပဲ................,
~~~~~~~~~~~~~~~~~~
......လွန်ခဲ့သော ၁၅ နှစ်ခန့်က......
ကျနော်အမှတ်မထင်ပဲ လည်ပတ်မှု့ အဆုံးမရှိ လည်မြဲလည်ပတ်ဆဲ စက်ဝိုင်းကြီး တစ်ခုအထဲ ကို ဝင်ရောက် လည်ပတ်ခဲ့တယ် ။
စက်ဝိုင်းကြီးထဲကိုဝင်ရောက်သွားသူတိုင်းဟာထွက်ပေါက်ပိတ်မိသွားပြီးစက်ဝိုင်းကြီးနှင့်အတူ
မရပ်မနားလည်ပတ်နေကြရတယ် ။ အဆုံးမရှိဘူးပေါ့ ။
အားလုံးဟာလည်ပတ်နေရင်းထွက်ပေါက်ကိုရှာဖွေနေကြတယ်။ တချိုကလည်ပတ်နေရင်းထွက်ပေါက်ကိုရှာတွေ့ခဲ့ကြတယ်။
သူတို့ဘယ်လိုရှာတွေ့တယ်ဆိုတာဘယ်သူကိုမှမပြောသွားကြဘူး ။
ကျန်ခဲ့တဲ့သူတွေကလဲဘယ်သူမှ အဖြေရှာလို့ မရခဲ့ကြဘူး။
~~~~~~~~~~~~~~~~
အဲ့လိုနဲ့.............
ကျနော်လည်းသတိလက်လွတ်ဝင်ရောက်လည်ပတ်နေရင်းအလည်လွန်မှန်းသိတဲ့အချိန်မှာ
ထွက်ပေါက်ပိတ်မိသွားပြီ ။ ထွက်ပေါက်ပျောက်နေပြီ ။ မရပ်မနားစက်ဝင်းကြီးနှင့်အတူ လည်ပတ်ရတော့မယ်။
ဒီလိုဖြစ်မယ်မှန်းသိရင် ဘယ်ဝင်ခဲ့ပါ့မလဲ ။ မဝင်ဖြစ်ခဲ့ပါဘူး ။
နောင်တ ကို နောင် မှ တ ခဲ့မိပြီပေါ့ ။
~~~~~~~~~~~~~~~~~~
ကျနော်လည်း ပေါက်တဲ့ နဖူး မထူးတော့ပါဘူး ဆိုပြီးအားလုံးလိုပဲ ဝင်ရောက် လည်ပတ်နေလိုက်တယ်။ လည်ပတ်နေရင်း မျက်စိရှေ့မှာတင် ကျနော့်မိတ်ဆွေအချို့  ထွက်ပေါက် ကိုရှာတွေ့ပြီး ထွက်ခွာ သွားကြတယ်။ နှုတ်ဆက်ခွင့်တောင်မရပဲ ခွဲခွာ သွားကြတယ်။
ကျနော်လည်းသူတို့ နည်းတူတစ်နေ့နေ့ မှာထွက်ပေါက်ကိုရှာတွေ့မလားဆိုတဲ့မျော်လင့်ချက် တစ်ခုတည်း နဲ့ ဆက်လက် လည်ပတ်နေရင်း...............
ရှင်သန်ရတယ် ။
ကြီးရင့်ရတယ် ။

အတွေ့အကြုံအသစ်တွေရှာဖွေရတယ် ။
ပေးဆပ်စရာရှိတာကို ပေးဆပ်ခဲ့တယ် ။
ရယူစရာရှိတာတွေကိုရယူခဲ့တယ် ။
ဒီလိုနဲ့......
မျော်လင့်ချက်လေးတစ်ခုအတွက် ကျနော်ရော သက်အောင်ပါ ဆက်လက်ရှင်သန်ကြတယ် ။
ရှင်သန်နေဆဲ.....
ရှင်သန်နေရဦးမယ်။

သက်အောင်(ကလောင်တိုက်ပွဲ)
ည ၁၁:၂၀
ဇူလိုင်လ ၁ ၊ ၂၀၀၇
ည ၁၁:၂၀
ဇူလိုင်လ ၁ ၊ ၂၀၀၇
စာကြွင်း
ဒီစာပုဒ် လေးကလွန်ခဲ့တဲ့ ၂ နှစ် ကျွန်ုတော့် အသက် ၁၅ စာစရေးကာစ ကရေးထားခဲ့လေးပါ။
ဘာဆိုဘာမှမပြင်ပဲ မှုရင်းအတိုင်းပဲပြန်တင်လိုက်ပါတယ် ။ မပြီးပြည့်စုံသေးဘူးထင်ပါတယ်။
သည်းခံပြီးဖတ်ပေးကြပါ နော်။
ကျေးဇူးအထူးတင်ရှိပါသည်။
သက်အောင် (ကလောင်တိုက်ပွဲ )
2 comments:
ဆက်လက်ရှင်သန် နိုင်ပါစေ ညီလေးရေ..
ရှင်သန်ဆဲ ရှင်သန်မြဲ ရှင်သန်နေလျက်နဲ့ဘဲ ဆက်လက်လည်ပတ်ပြီး စာတွေအထပ်ထပ်ရေးနိုင်ပါစေ။
Post a Comment