ဟုတ်တယ်
အခွင့်အရေး ကို ဆုံးရှုံးဖူးသူမှ
အခွင့်အရေးတန်ဖိုး ကိုပိုသိတယ်တဲ့
ဟုတ်တယ်။
ကိုယ့်ကိုယ်ကိုယ် ခံတွင်းမတွေ့လို့  ဆိုပြီး
ထွေးထုတ်ပစ်လို့ မရ
ကိုယ့်ကိုယ်ကိုယ် ခံတွင်းတွေ့လှချည်ရဲ့ ဆိုပြီး
ငုံထားလို လည်းမရ
လူ့ ဘဝဆိုတာဒီလိုပါပဲ
ဟုတ်တယ်။
စီးလာတဲ့ကား ကိုကြည့်ပြီးမှ
မျက်နှာထားပြောင်းတတ်တဲ့လူမျိုး ကို
ခင်ဗျားတို့ ဘယ်လိုသဘောရလဲ
ကျနော်တော့သဘောမကျဘူး
ဟုတ်တယ်။
မိန်းမတစ်ယောက်ကို စိတ်ပါလက်ပါဆက်ဆံသလို
အရာရာကို ဆက်ဆံဖို့ ဆိုတာ အခက်သား
စိတ်မပါရင် ကိုယ်အိပ်ခဲ့တဲ့အိပ်ရာတောင်
ပြန်သိမ်းချင်တာမဟုတ်ဘူး။
မလည်ရှုပ် တော့မလုပ်ကြပါနဲ့
လည်မယ်ဆိုကမ္ဘာကြီးကို နမှုနာယူ
ငြိမ်ငြိမ်နေမယ်ဆို
အိမ်မြှောင် တစ်ကောင်လိုနေ
ဟုတ်တယ်။
လမ်းသရဲ အလုပ်လက်မဲ့ ရန်ကုန်ဂျပိုး
ခိုးကြောင်ခိုးဝှက် ကဗျာရေးသူ
ဘယ်လိုလဲ..........ကိုယ့်ဘဝကိုယ် ကျေနပ်ပါရဲ့လား
အိုး ဘာမကျေနပ်စရာရှိလဲ
ကိုယ့် အကုသိုလ်နဲ့ကိုယ်
ကိုယ်ခံချင်တဲ့ ငရဲ
ကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ
ဝမ်းနည်းစရာမရှိပါဘူး ။
ဟုတ်တယ်။
စာကြွင်း -
ကဗျာဟောင်းလေးပါပဲဘယ်သူရေးတယ်ဆိုတာတော့မမှတ်မိတော့ဘူး
့
အခွင့်အရေးတန်ဖိုး ကိုပိုသိတယ်တဲ့
ဟုတ်တယ်။
ကိုယ့်ကိုယ်ကိုယ် ခံတွင်းမတွေ့လို့  ဆိုပြီး
ထွေးထုတ်ပစ်လို့ မရ
ကိုယ့်ကိုယ်ကိုယ် ခံတွင်းတွေ့လှချည်ရဲ့ ဆိုပြီး
ငုံထားလို လည်းမရ
လူ့ ဘဝဆိုတာဒီလိုပါပဲ
ဟုတ်တယ်။
စီးလာတဲ့ကား ကိုကြည့်ပြီးမှ
မျက်နှာထားပြောင်းတတ်တဲ့လူမျိုး ကို
ခင်ဗျားတို့ ဘယ်လိုသဘောရလဲ
ကျနော်တော့သဘောမကျဘူး
ဟုတ်တယ်။
မိန်းမတစ်ယောက်ကို စိတ်ပါလက်ပါဆက်ဆံသလို
အရာရာကို ဆက်ဆံဖို့ ဆိုတာ အခက်သား
စိတ်မပါရင် ကိုယ်အိပ်ခဲ့တဲ့အိပ်ရာတောင်
ပြန်သိမ်းချင်တာမဟုတ်ဘူး။
မလည်ရှုပ် တော့မလုပ်ကြပါနဲ့
လည်မယ်ဆိုကမ္ဘာကြီးကို နမှုနာယူ
ငြိမ်ငြိမ်နေမယ်ဆို
အိမ်မြှောင် တစ်ကောင်လိုနေ
ဟုတ်တယ်။
လမ်းသရဲ အလုပ်လက်မဲ့ ရန်ကုန်ဂျပိုး
ခိုးကြောင်ခိုးဝှက် ကဗျာရေးသူ
ဘယ်လိုလဲ..........ကိုယ့်ဘဝကိုယ် ကျေနပ်ပါရဲ့လား
အိုး ဘာမကျေနပ်စရာရှိလဲ
ကိုယ့် အကုသိုလ်နဲ့ကိုယ်
ကိုယ်ခံချင်တဲ့ ငရဲ
ကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ
ဝမ်းနည်းစရာမရှိပါဘူး ။
ဟုတ်တယ်။
စာကြွင်း -
ကဗျာဟောင်းလေးပါပဲဘယ်သူရေးတယ်ဆိုတာတော့မမှတ်မိတော့ဘူး
့
0 comments:
Post a Comment