အားလုံးနဲ့ အဝေးဆုံးမှာ
အားလုံးနဲ့ အဝေးဆုံးမှာ

ကုန်လွန်ခဲ့ နေ့ရက်တွေကို
ပြက္ခဒိန်တွေပေါ်မှာ ခြစ်ဆွဲချရင်း
မေ့မရတဲ့ အတိတ်နေ့စွဲတွေကို
ဘဝထဲမှာမှတ်တမ်းတင်ရင်း
ကျနော်ဟာ အားလုံးနဲ့ဝေးမှန်းမသိဝေးကွာသွားခဲ့တယ်။
မထင်မရှား ဝိုးတဝါး ဖြစ်နေတဲ့ အတိတ်တွေမှာတော့
ကျနော်ဟာ
အပူအပင် ကင်းမဲ့စွာ ကိုယ်ပိုင်ကမ္ဘာလေးထဲ
ပျော်ရွှင်စွာနေထိုင်ခဲ့ဖူးတယ်။
မနက်ဖြန်ဆိုတာကိုမသိဘူး။
အားလုံးက ကျနော်နဲ့မဆိုင်ဘူး။
ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ် လမ်းသလားခဲ့ဖူးတယ်။
မအေမတူ ဖအေကွဲ ညီအစ်ကိုတွေနဲ့ ပျော်ရွှင်ခဲ့ဖူးတယ်။
ခုတော့........
တစ်နေ့တစ်ခါလွမ်းကာ တမ်းတခဲ့ရတဲ့
ရန်ကုန်မြို့ကြီးလဲ အရာရာပြောင်းလဲလို့ 
မမေ့နိုင်တဲ့ နေ့ရက်တွေကို
အတူတကွ ခွဲဝေပိုင်ဆိုင်ခဲ့ကြတဲ့
ဘဝရဲ့ တစ်စိတ်တစ်ဒေသ မကသော
ချစ်သူငယ်ချင်းတွေလဲ တစ်နယ်စီခြားဝေကွာ....လို့ 
အားလုံးဟာ ခုတော့ တစ်သီးတစ်ခြားစီပါပဲ။
တွေးမိရင်ဝမ်းနည်းကာ နှလုံးသားတစ်ခုလုံး
မျက်ရည်တွေရွဲ ပေါ့ ။
ခုတော့.......
ပြောင်းလဲမှု့များစွာ
မျှော်လင့်ခြင်းများစွာ
စိန်ခေါ်မှု့များစွာ
ရည်မှန်းချက်တွေ တစ်ပုံတအောကြီးနဲ့
ပုံဖော်ထားတဲ့ အနာဂတ် အိပ်မက်တွေပဲ
ကျနော်နဲ့ အဖော်ပြုလို့ ကျန်ခဲ့တော့တယ်။
ဒီလိုနဲ့
ကျနော် ဟာ အားလုံးနဲ့ အဝေးဆုံးမှာပေါ့။
သက်အောင်(ကလောင်တိုက်ပွဲ)
ဇူလိုင် ၁၈၊ ၂၀၀၉
နံနက် ၁၁:၅၅
3 comments:
အဝေးဆုံးဖြစ်နေပေမဲ. အားမငယ်ပါနဲ.ညီ
တို.ညီကိုတွေ နှလုံးသားချင်းနီးနေရင်
ဘယ်လောက်ဝေးဝေး နီးနေမှာပါ ညီရေ...
မိုက်တယ်အကိုရေ ကျွန်တော်ဆို အဲ့ဒီလို မရေးတတ်ဘူး
အဝေးကြီးတော့သွားမနေနဲ့လေ..
Post a Comment