အကြွင်း သုည
အကြွင်း သုည

ချစ်သူ.....
နင်ဟာငါ့ဘဝရဲ့ သခင်
ကျွန်တစ်ယောက် အဖြစ် နင့်အလိုကျ
အရာရာ ငါ ပေးဆပ်ခဲ့ဖူးတယ်။ ။
ဘဝမှာတစ်ကြိမ်တစ်ခါတော့ရူးခဲ့ဖူးတယ်။
မမှီတဲ့ပန်းကိုမှတုံးခုလို့ လှမ်းခဲ့မိတယ်။
မျှော်လင့်ချက်တစ်ခုပြည့်တဲ့နေ့မှာ
မျှော်လင့်ချက်တစ်ခု ပျက်စီး ပျောက်ဆုံးသွားခဲ့တယ်.....
ရယူမှု့တစ်ခုအတွက် ပြန်လည်ပေးဆပ်လိုက်ရတာလား ။
ပျောက်ဆုံးသွားတဲ့ မျှော်လင့်ချက်တစ်ခုအတွက်တော့
ကြယ်ကြွေ ည တွေမှာ တောင်းဆုပြုနေဆဲ ...........
ချစ်သူ.....
နင့်ပျော်ရွှင်မှု့တစ်ခုတည်းအတွက်,
ငါ့ နှလုံးသားကို စတေးခဲ့ရတယ်
ဘဝတစ်ခုလုံး အဆစ်ပါသွားခဲ့ပေါ့ ......
တဖြည်းဖြည်းနဲ့ငါဟာ လုံးပါးပါးခဲ့ရတယ်။
ဒါပေမယ့်
အရာရာပြီးဆုံးသွားပြီးနောက်
နင်ဟာငါ့ဘဝရဲ့ သခင်
ကျွန်တစ်ယောက် အဖြစ် နင့်အလိုကျ
အရာရာ ငါ ပေးဆပ်ခဲ့ဖူးတယ်။ ။
ဘဝမှာတစ်ကြိမ်တစ်ခါတော့ရူးခဲ့ဖူးတယ်။
မမှီတဲ့ပန်းကိုမှတုံးခုလို့ လှမ်းခဲ့မိတယ်။
မျှော်လင့်ချက်တစ်ခုပြည့်တဲ့နေ့မှာ
မျှော်လင့်ချက်တစ်ခု ပျက်စီး ပျောက်ဆုံးသွားခဲ့တယ်.....
ရယူမှု့တစ်ခုအတွက် ပြန်လည်ပေးဆပ်လိုက်ရတာလား ။
ပျောက်ဆုံးသွားတဲ့ မျှော်လင့်ချက်တစ်ခုအတွက်တော့
ကြယ်ကြွေ ည တွေမှာ တောင်းဆုပြုနေဆဲ ...........
ချစ်သူ.....
နင့်ပျော်ရွှင်မှု့တစ်ခုတည်းအတွက်,
ငါ့ နှလုံးသားကို စတေးခဲ့ရတယ်
ဘဝတစ်ခုလုံး အဆစ်ပါသွားခဲ့ပေါ့ ......
တဖြည်းဖြည်းနဲ့ငါဟာ လုံးပါးပါးခဲ့ရတယ်။
ဒါပေမယ့်
အရာရာပြီးဆုံးသွားပြီးနောက်
ငါ့ ဘဝ ကို နင့် အတ္တ နဲ့ အစားခံ လိုက်ရတယ်။
အကြွင်းကဘာမှ မကျန်ခဲ့ပါဘူး။
တန်ဖိုးမရှိတဲ့ သုည တစ်လုံးရယ် ပေါ့ ....။ ။
သက်အောင်(ကလောင်တိုက်ပွဲ)
ဇူလိုင် ၁၅ ၊ ၂၀၀၉
နံနက် ၀၃:၁၅
ဇူလိုင် ၁၅ ၊ ၂၀၀၉
နံနက် ၀၃:၁၅
4 comments:
သုညကို တန်ဖိုးရှိအောင် ရှေ.က
ကိန်းပြည်. ထည်.နိုင်ဖို.ကြိုးစား
လိုက်ပေါ. ညီရ :)
အကြွင်း သုည ဆိုတော့ စားလို့ပြတ်တာပေါ့... ဟဟ စတာပါ... ဆက်ရေး ကောင်းတယ်..
အားပေးနေမယ်..
သုည.က..တန်ဖိုးရှိပါတယ်..
အောင်မြင်ပါစေ..
သက်အောင်ကပြောတယ်။
နင်ဟာငါ့ဘ၀ရဲ့ သခင်တဲ့။
လေးဖြူကပြောတယ်။
နင်ဟာငါ့အတွက်တော့ ငွေလမင်းတဲ့။
ဘာဘဲပြောပြော ကဗျားလေးကကောင်းတယ်။
း)
Post a Comment