Tuesday, February 2, 2010

မှော်ဆရာမလေး

မှော်ဆရာမလေး




မုတ်သုန် ကို ဆာလောင်တယ်

နွေမရှိတဲ့ ကန္တာရ တိုင်းပြည်မှာ

နာကျင်မှု့တွေနဲ့ လူကန္တာရ အတွက်

အလွမ်းတိမ်တိုက်တွေ လွှင့်ပြယ်ခဲ့ပြီး နောက်

ညနေခင်းများစွာ ငွေ့ရည်ဖွဲ့ပြီးခဲ့ပြီ..

ဒီလိုနဲ့ .. ဟိုး .. အရှေ့ရပ်ဝန်းက

မှော်ဆရာမလေးရဲ့ မြို့ရိုးကို လှမ်းအကြည့်

တိမ်စိုင်တိမ်ခဲတွေပြိုကျတယ် ..

ညနေခင်းတွေက ငိုချတယ် ..

ရေစက်တွေ .. မိုးရေစက်တွေ ..

ကိုယ့်ရင်ဘက်ပေါ်က အလင်္ကာတွေ

ပြန်လည် ထွန်ရက် စိုက်ပျိုးနိုင်ခဲ့ပြီ ..

ပတ်ကြားအက် ရင်ခွင်တစ်စုံရဲ့

ဝိဥာဉ်ကျောက်သားတွေ ပြန်လည် စေ့စပ်စေခဲ့ပြီ ..

မိုးခေါင်ခဲ့ တဲ့ လူကန္တာရ အတွက် မိုးတိမ်တုတွေ ဖန်တီး

တိမ်စိုင်တွေပြိုကျ မိုးရေတွေရွာချ

ဝုန်းဒိုင်းကျဲ နွေလူ ကို ပြန်လည်ရှင်သန်စေခဲ့တဲ့

မှော်ဆရာမလေးရယ် ကျေးဇူးပါကွယ် ။

သက်အောင်(ကလောင်တိုက်ပွဲ)

8 comments:

မောင်ပါလ February 3, 2010 at 4:33 PM  

ကျနော်လည်း “မှော်ဆရာမလေးတယောက် အလိုရှိသည်” လို့ ကြော်ငြာထည့်ရအုံးမယ်။

~ဏီလင်းညို~ February 3, 2010 at 4:54 PM  

ညီလေးရေ...
စကားလုံးတွေ...အားကောင်းတယ်ဗျာ....။
အစ်ကိုလည်း..တစ်ယောက်လောက်တော့လိုချင်သား...။
ဒါပေမယ့်မှော်ဆရာမလေးမဟုတ်ပဲ... မှော်ဆရာမကြီးဖြစ်နေမှာတော့စိုး၏....း)
(မန့်တဲ့နေရာက ဝေါ့ဗယ်ရီဖီကေးရှင်းကြီးကို အဆင်ပြေရင်ဆက်တင်ထဲမှာသွားဖြုတ်လိုက်ပါလားညီလေး...အစ်ကို့အတွက်တော့ အချိန်ကုန်၊ ရှုပ်လို့...း))
ခင်မင်တဲ့
ဏီလင်းညို

သော်ဇင်စိုး February 3, 2010 at 5:21 PM  

အကိုရေ...အဲဒီမှော်ဆရာမလေးကို..
အလွှတ်မပေးနဲ့...အပီသာကိုင်ထား...
အပီသာကိုင်ထား.....:P

သက်အောင် February 3, 2010 at 6:00 PM  

ဟီးဟီး .. မှော်ဆရာမကြီး ပဲ ဖြစ်ဖြစ် မှော်ဆရာမလေးပဲဖြစ်ဖြစ် .. အဓိက က အဓိက ပါ ငါ့အကိုကြီးရာ .. ဟီးဟီး .. :D

လွတ်ဘူး လွတ်ဘူး အပီကိုင်ထားတာ .. :D

ဆောင်းယွန်းလ February 3, 2010 at 6:43 PM  

စကားလုံးလေးတွေ သိပ်လှတယ် ညီလေးရေ

သက်အောင် February 3, 2010 at 6:54 PM  

ငါ့ အကိုတို့ ရဲ့ comment တွေက ကျနော့်ကို နောင်ကဗျာတွေထပ်ထပ် ရေးဖို့  အားတွေပေးတယ်ဗျ ..
အားပေးကြတယ် အကိုတွေအားလုံးကို ကျေးဇူးပါဗျို့ .. :D

Anonymous February 7, 2010 at 10:28 PM  

သက်အောင် ရဲ့ မှော်ဆရာမလေးကို လာကြည့်သွားတယ်နော်... ... ....
ရှင်ထိပ်ထား

သက်အောင် February 7, 2010 at 10:32 PM  

အကိုတို့ ရေ
မှော်ဆရာမလေး ကဗျာလာဖတ်သွားတယ်ဗျို့

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP