Monday, February 8, 2010

ရနံ့ ပြယ် စိတ်ကူးများ နှင့် ရင်ခွင်တစ်စုံ

ရနံ့ ပြယ် စိတ်ကူးများ နှင့် ရင်ခွင်တစ်စုံ

{၁}

ပင်လယ်က ဖြူစင်ပါလျှက်နဲ့
ကောင်းကင်ကြောင့် 
အရောင်တွေပြောင်းရတယ် ..
ကိုယ့်ရဲ့ ကောင်းကင်မှာ
အရောင်မစုံလင်ခဲ့ပါဘူးကွာ

ကြယ်တွေစုံတဲ့ည
ကောင်ကင်က ကြယ်တွေ ပင်လယ်ထဲခုန်ချ
ကြယ်တွေ မစုံတဲ့ ကောင်းကင်မှာ
လမင်း ကို မျှော်ကြည့်ရင်း
ကိုယ့်ပင်လယ်မှာ မီးပြတိုက်လေး ထွန်း
တစ်ယောက်တည်း လင်း .. လင်းခဲ့ရပေါ့

{ ၂ }

မျက်နှာမသစ်မှီ မနက်စာ စားခဲ့မိတယ်
အရသာတော့ရှိသား
ပေါင်မုန့် တစ်လုံးနဲ့
ဘဝကို "ကျော်ဖြတ်ရမယ်" ဆိုတဲ့
လူတွေထဲ ကိုယ်မပါဘူး ..
ရှင်ရင်ရွှေထီး သေရင်မြေကြီးပဲ ..
ပေါင်မုန့် နဲ့ တွဲစားဖို့  နွားနို့ တစ်ခွက်တော့
အပိုသောက်ခဲ့မိတယ်
ကိုယ်က သတ်သတ်လွတ်မှမစားတာ
အသားရှောင်စရာမလိုပါဘူး

{၃}

နွေဦးမှာ လေရနံ့ကိုရှူရှိုက်တော့
မိုး ရနံ့ကိုရတယ် ..
ကိုယ့်ရင်ခွင်မှာ နှင်းဆီတစ်ခင်းစိုက်ပျိုးခဲ့မိပေါ့ ..
ယုယစွာစိုက်ပျိုးခဲ့ပါတဲ့ ဒီပျိုးခင်းမှာ
ပန်းလေးတွေဘယ်တော့ပွင့်မလဲ
ဒီရင်ကိုဖွင့်လို့  စောင့်မျှော်မိပါရဲ့

တကယ်တော့လဲ ..
ပန်းဖူးလေးတွေပြီးမှ
ပွင့်ဖတ်လေးတွေဆိုတာ ပွင့်ရတာပါ .
ကိုယ်ကတော့ ပန်းဖူးလေးတွေမထွက်သေး
ပွင့်ဖတ် လေးတွေကို မျှော်နေမိခဲ့သူ ..

နောက်ဆုံးတော့ ..
နှင်းဆီပွင့်ဖတ်လေးတွေရယ်
ကိုယ့်ဆူးကိုယ် ရင်ခွင်အပ်
နာကျင်စွာ မကြွေလွှင့်ပါစေနဲ့ကွာ
ရင်နာစရာကောင်းလွန်းပါတယ် ..

{၄}

တတိယ မျက်လုံးမှာ မျက်ရည်စတွေနဲ့ ..
ကြေကွဲခဲ့ရရှာတဲ့ စိတ်
ပြိုလဲပျက်ဆီးခဲ့ပေါ့
ငိုကြွေးသံတွေကတော့
အတ္တ မာနတွေကြား ဆွံ့အလို့ 
ရှူး .. တိုးတိုး
ရင်ခွင်တစ်စုံမှာ အလွမ်းဆိပ်သင့်လို့ 
အိပ်ပျော်နေရှာတဲ့ နှလုံးသားလေးတစ်စုံရှိလေရဲ့
အိပ်ခွင့်ပေးလိုက်ပါ သူလဲ ရာသီအဆက်ဆက်
ချစ်ခဲ့ပေးရလို့ မောနေရှာပြီထင်ပါ့ ။

သက်အောင် (ကလောင်တိုက်ပွဲ )

9 comments:

သော်ဇင်စိုး February 8, 2010 at 5:27 PM  

ရင်ခွင်ထဲမှာ နှင်းဆီတွေ နွေဦးပဲဖြစ်ဖြစ် ဆောင်းဦးမှာပဲဖြစ်ဖြစ် ရာသီအဆက်ဆက်ပဲဖြစ်ဖြစ် အစုလိုက်အပြုံလိုက် ဝေပါစေဗျာ......

သော်ဇင်စိုး February 8, 2010 at 5:27 PM  

ရင်ခွင်ထဲမှာ နှင်းဆီတွေ နွေဦးပဲဖြစ်ဖြစ် ဆောင်းဦးမှာပဲဖြစ်ဖြစ် ရာသီအဆက်ဆက်ပဲဖြစ်ဖြစ် အစုလိုက်အပြုံလိုက် ဝေပါစေဗျာ......

Anonymous February 8, 2010 at 6:29 PM  

တတိယ မျက်လုံးမှာ မျက်ရည်စတွေနဲ့ ..
ကြေကွဲခဲ့ရရှာတဲ့ စိတ်
ပြိုလဲပျက်ဆီးခဲ့ပေါ့
ငိုကြွေးသံတွေကတော့
အတ္တ မာနတွေကြား ဆွံ့အလို့ 
ရှူး .. တိုးတိုး
ရင်ခွင်တစ်စုံမှာ အလွမ်းဆိပ်သင့်လို့ 
အိပ်ပျော်နေရှာတဲ့ နှလုံးသားလေးတစ်စုံရှိလေရဲ့
အိပ်ခွင့်ပေးလိုက်ပါ သူလဲ ရာသီအဆက်ဆက်
ချစ်ခဲ့ပေးရလို့ မောနေရှာပြီထင်ပါ့ ။

သက်အောင်ရေ လုပ်ဟ အရေးအသားက လန်ထွတ်နေတယ်

khun February 8, 2010 at 8:44 PM  

ကဗျာလေး လာဖတ်သွားပါတယ်
မောင်လေးရေ...

ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ

မိုးစက်အိမ် February 9, 2010 at 1:22 PM  

တစ်ပုဒ်လုံး ခံစားမှုအားကောင်းတယ်ညီလေး
အထူးသဖြင့်
နွေဦးမှာ လေရနံ့ကိုရှူရှိုက်တော့
မိုး ရနံ့ကိုရတယ် ..
ကိုယ့်ရင်ခွင်မှာ နှင်းဆီတစ်ခင်းစိုက်ပျိုးခဲ့မိပေါ့ ..
ယုယစွာစိုက်ပျိုးခဲ့ပါတဲ့ ဒီပျိုးခင်းမှာ
ပန်းလေးတွေဘယ်တော့ပွင့်မလဲ
ဒီရင်ကိုဖွင့်လို့  စောင့်မျှော်မိပါရဲ့

အဲဒီနေရာလေးသဘောအကျဆုံးဘဲ . . . ညီလေးကဗျာ
အရေးအသားတွေ အရင်ကထက်အများကြီးတိုးတက်
ကောင်းမွန်လာတယ် ... အားပေးလျက်ပါညီလေးရေ

မိုးစက်အိမ် February 9, 2010 at 1:22 PM  

တစ်ပုဒ်လုံး ခံစားမှုအားကောင်းတယ်ညီလေး
အထူးသဖြင့်
နွေဦးမှာ လေရနံ့ကိုရှူရှိုက်တော့
မိုး ရနံ့ကိုရတယ် ..
ကိုယ့်ရင်ခွင်မှာ နှင်းဆီတစ်ခင်းစိုက်ပျိုးခဲ့မိပေါ့ ..
ယုယစွာစိုက်ပျိုးခဲ့ပါတဲ့ ဒီပျိုးခင်းမှာ
ပန်းလေးတွေဘယ်တော့ပွင့်မလဲ
ဒီရင်ကိုဖွင့်လို့  စောင့်မျှော်မိပါရဲ့

အဲဒီနေရာလေးသဘောအကျဆုံးဘဲ . . . ညီလေးကဗျာ
အရေးအသားတွေ အရင်ကထက်အများကြီးတိုးတက်
ကောင်းမွန်လာတယ် ... အားပေးလျက်ပါညီလေးရေ

သက်အောင် February 9, 2010 at 4:33 PM  

ကဗျာလေးကို လာဖတ်ပေးတဲ့ အတွက်ကျေးဇူးကမ္ဘာပါနော့်
အရင်ကထက် ပိုပြီး လေးလေးနက်နက်တွေပြီး ကြိုးစားထားတာပါ ..

~ဏီလင်းညို~ February 10, 2010 at 6:55 PM  

သက်အောင်ရေ...
အစ်ကို ကဗျာလေးလာဖတ်တယ်...။
တစ်ကယ်ခံစားမှုအားကောင်းနေတယ်...ကဗျာလေးက...။
ဖတ်ရင်းနဲ့ အိပ်ပျော်နေတဲ့ နှလုံးသားလေးတစ်စုံကို ဂရုဏာသက်လာစေခဲ့တယ်...။
(အစ်ကို လင့်ခ်လေးတွေ ပျောက်ကုန်လို့ညီလေးရယ်...တောင်းပန်တယ်နော်...)
ခင်မင်တဲ့
ဏီလင်းညို

ညလင်းအိမ် February 23, 2010 at 5:53 AM  

ခံစားမှုတော်တော်ကောင်းတယ်ညီ...
အားပေးတယ်..ဆက်လျှောက်..

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP