ဗလာကောင် ရဲ့ အိပ်မက်
ဗလာကောင် ရဲ့ အိပ်မက်
သုညကိုမှ စွဲမတ်မိတဲ့ ဗလာကောင် ..
အမှန်တရားတွေ ကို မြေကြီးပေါ် ပစ်ချ ၊
သူ့ ကမ္ဘာဟာ မိုးစုန်းစုန်းချုပ်ခဲ့ပြီ ..
"မဟာလူသားဝါဒ" ကို ရွံမုန်းလို့ တဲ့
သူ့ ကိုယ်သူ ဗလာကျင်း
သုည လောက ကြီးထဲ
ခြေအစုံ ပစ်ဝင် ခဲ့တယ်လေ ..
တကယ်တော့ ..
နဂိုကတည်းကိုက သူ့ မှာ ဘာမှမရှိ ..
သူနေထိုင်တဲ့ ဗလာ လောကမှာ
လမင်းကြီးကိုသာ သူ ချစ်သတဲ့ ၊
သူ့ လိုပဲ ဗလာ မို့ တဲ့လေ
လမင်းကြီးရဲ့ လျှို့ဝှက် အပြုံးတွေကို
သူမှ မမြင်နိုင်တာ ..
မဲ့ပြုံးကလေးနဲ့ သူ့ ဘဝဟာ
ကောင်းကင်ကိုမော့ကြည့်
အလင်းဖျော့ဖျော့
ကြယ်ကလေးတွေကို
ရေတွက်လို့ နေလေရဲ့ ..
လွတ်ထားလိုက်ပါ ..
သူက ဗလာကောင် ပဲ
နောက်ဆုံးတော့လဲ
သုည ဝတ်စုံကိုဝတ်ဆင်ရင်း
လူမသိ သူမသိ ပျောက်ဆုံးသွားမှာပါ .. ။ ။
သုညကိုမှ စွဲမတ်မိတဲ့ ဗလာကောင် ..
အမှန်တရားတွေ ကို မြေကြီးပေါ် ပစ်ချ ၊
သူ့ ကမ္ဘာဟာ မိုးစုန်းစုန်းချုပ်ခဲ့ပြီ ..
"မဟာလူသားဝါဒ" ကို ရွံမုန်းလို့ တဲ့
သူ့ ကိုယ်သူ ဗလာကျင်း
သုည လောက ကြီးထဲ
ခြေအစုံ ပစ်ဝင် ခဲ့တယ်လေ ..
တကယ်တော့ ..
နဂိုကတည်းကိုက သူ့ မှာ ဘာမှမရှိ ..
သူနေထိုင်တဲ့ ဗလာ လောကမှာ
လမင်းကြီးကိုသာ သူ ချစ်သတဲ့ ၊
သူ့ လိုပဲ ဗလာ မို့ တဲ့လေ
လမင်းကြီးရဲ့ လျှို့ဝှက် အပြုံးတွေကို
သူမှ မမြင်နိုင်တာ ..
မဲ့ပြုံးကလေးနဲ့ သူ့ ဘဝဟာ
ကောင်းကင်ကိုမော့ကြည့်
အလင်းဖျော့ဖျော့
ကြယ်ကလေးတွေကို
ရေတွက်လို့ နေလေရဲ့ ..
လွတ်ထားလိုက်ပါ ..
သူက ဗလာကောင် ပဲ
နောက်ဆုံးတော့လဲ
သုည ဝတ်စုံကိုဝတ်ဆင်ရင်း
လူမသိ သူမသိ ပျောက်ဆုံးသွားမှာပါ .. ။ ။
သက်အောင် (ကလောင်တိုက်ပွဲ)
6 comments:
သုညကလူမသိ သူမသိပေမဲ့  ဂဏန်းတစ်လုံးနောက်မှာ
တော့ များစွာအဖိုးထိုက်တန်ပါတယ် ညီလေးရေ
တစ်နေ့ မှာဇီးရိုးလည်း ဟီးရိုးဖြစ်လာနိုင်ပါတယ် . . .
nice one !!!
ရှင်ထိပ်ထား
ဗလာကျင်းနေတဲ့ အခန်းထဲ စကားလုံးတွေ ပြည့်သိပ်နေမှတော့ ဗလာကောင်လို့ မသတ်မှတ်သင့်ပါဘူး...။
ခင်မင်စွာဖြင့်
မိုးငွေ့
တစ်နေ့တော့ သုည အက္ခရာကြောင့်ပဲ ဘ၀တွေ ပြည့်စုံသွားပါလိမ့်မယ်
ညီလေးရေ...
ဗလာကောင်ရဲ့ အိပ်မက်လေးထဲကို တိုးဝင်ခံစားကြည့်ခဲ့တယ်....း)
ခင်မင်တဲ့
ဏီလင်းညို
ဗလာကောင်ရဲ့ အိပ်မက်လား...
မိုးစက်ပြောသလိုပဲ ဇီးရိုးလည်း ဟီးရိုး ဖြစ်လာနိုင်ပါတယ်...
Post a Comment