Saturday, May 8, 2010

သားမိုက် ရဲ့ မေမေ

သားမိုက် ရဲ့ မေမေ

မေမေ ..
မေမေ မငိုပါနဲ့ ..
ကျတဲ့ မျက်ရည်တွေ သုတ်လိုက်ပါတော့ ..
ဆိုးခဲ့ မိုက်ခဲ့ သား တစ်ယောက်အတွက်တော့ ..
မေမေ မငိုပါနဲ့တော့ ..
အင်မတန်ပူလောင် သားမိုက်အတွက်က ..
နေဆယ်စင်းဝန်းတဲ့ လောင်မြှိုက်မီးပေါ့ .. ။ ။

မေမေ့ရဲ့ မေတ္တာ ..
စိမ့်စမ်းရေပမာ ကြည်လင်အေးမြ
ပေးဆပ်ထားခဲ့ အချစ်တွေနဲ့ ..
သားသမီးတွေကို ထွေးပွေ့  ယုယ
အလင်းလက်ဆုံးသော ..
ကောင်းကင်ထက်က ကြယ်တစ်ပွင့်လား ? ..
တုနိုင်းမရ အရာရာ ထက် အမြဲ
ကျနော့်ဘဝထဲမှာ တောက်ပဆဲပါ မေမေ။ ။

ငယ်စဉ်ကတည်းက
စောင့်ရှောက်ခဲ့တဲ့မေမေ့ သံယောဇဉ် ..
နှစ်တွေ လတွေ ပြောင်းလဲသော်လဲ
ကြွင်းကျန်ရစ်နေ ..
အစားထိုးမနိုင်တဲ့ မိဘမေတ္တာတွေကို
လိုအပ်ဆဲပေါ့ ..
နားလည်မှု့မရှိတဲ့ သားမိုက်ကိုတော့
ခွင့်လွတ်ပေးပါတော့ .. ။

မေတ္တာ တရားကို နားမလည်ခဲ့တဲ့ ..
သား တစ်ယောက်အဖြစ်တော့ ..
မိုက်မဲမှု့တွေကို အစဉ် နောင်တရနေဆဲပါ မေမေ ..
မိုက်ပြစ်တွေ ကို ဆေးကြောပြီးတဲ့ ..
တစ်နေ့မှာ သားမိုက်ကို ..
ခိုလှုံခွင့်ပြုပါ အမေ့ရင်ငွေ့ပေါ့ . . ။ ။

သက်အောင်(ကလောင်တိုက်ပွဲ)

6 comments:

မြန်မာပြည်ကိုလွမ်းတယ် May 8, 2010 at 4:28 PM  

ကိုသက်အောင်ချစ်တဲ့မေမေ့ရင်ငွေ့ကိုအမြန်
ဆုံးခိုလှုံခွင့်ရပါစေ..ကောင်းကင်ကလမင်းကြီး
ရှိနေချိန်မှာလရောင်ကိုခံစားနိုင်ပါစေလို့ဆု
တောင်းပေးလိုက်ပါတယ်..

ညလင်းအိမ် May 8, 2010 at 5:21 PM  

ညီရေ ခိုလှုံရမှာပါ ...
သား မိုက်ခဲ့တယ်ဆိုရင်လည်း ခုကတည်းက စပြီး လိမ်မာပေတော့ ..း)

Anonymous May 9, 2010 at 1:16 AM  

သားမိုက်တွေကို အမေကတွေက ခွင့်လွှတ်ပြီးသားပါ။

khun thadar May 9, 2010 at 1:54 AM  

ဟုတ်တယ်!! မောင်လေးအမေက
ခွင့်လွတ်ပြီးသားဖြစ်နေမှာပါ...
အေးမြတဲ့ အမေ့ရင်ခွင်ကို အမြန်ဆုံး
ခိုလှုံနိုင်ပါစေ....


ခွန်သဒ္ဒါ

မိုးစက်အိမ် May 10, 2010 at 3:16 AM  

ကဗျာလေးနဲ့ တူတူ ထပ်တူခံစားသွားပါတယ်
ညီငယ်ရေ သာလိမ္မာတစ်ယောက်ဖြစ်နိုင်ပါစေဗျာ

k2tmaung May 15, 2010 at 10:23 PM  

သားမိုက်လို့ ကဗျာထဲမှာ ဆိုပေမယ့်...
ရေးသူက သားလိမ္မာမှန်း ကဗျာဖတ်ရင်း သိသွားပါတယ်... :)

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP