Thursday, July 22, 2010

အဆိပ်သင့် အနမ်း

အဆိပ်သင့် အနမ်း

နံနက်ခင်းအလင်းရဲ့
ကော်ဖီ တစ်ခွက်အေးခါးအေးစက်စက်နဲ့
ချိုမြိန်လွန်းတဲ့ အချစ်ရဲ့
အနမ်းတွေ ခါးသက်လွန်းတယ် ။

ဟန်ဆောင်ကောင်းတဲ့
သူ့ မျက်ဝန်းတွေ တမ်းတမိလို့ 
ရင်ခုန်ကင်းမယ့်
မနက်ဖြန်တိုင်းမှာ အသက်ရှူမှားတယ် ။

နှစ်သိမ့် အပြုံးတွေရဲ့
စွဲလမ်းမှု့ အလှကာရံတွေကြား
မျှော်လင့် အလွမ်းတွေ ဆွံ့အခဲ့တော့
ချစ်ခြင်း အနမ်း တွေ အဆိပ်သင့်ရတယ်

အယောင်ဆောင်နံနက်ခင်းတွေက
ရာသီ အဆက်ဆက် မျက်ရည်စတွေနဲ့
ကာရံမဲ့ အိပ်မက်တွေကတော့
ကံကြမ္မာ ကြိုးပြတ်ခဲ့ရပြီ

သေမင်းလက်နဲ့ ရက်စက်ခဲ့တဲ့
အနာဂတ်တစ်ခုက လေလွှင့်ရာပြန့်ကြဲ ...
ကောင်းကင်မရှိတဲ့ တိမ်တိုက်တွေရဲ့
အထီးကျန် နေ့ရက်တွေ က
နွေရက်များရဲ့ ဆောင်းရာသီလို

ငွေ့ရည်ဖွဲ့ ညနေခင်းများစွာက
ပူလောင်ခြင်းအလွမ်းတွေအတွက်
ပတ်ကြားအက် ရင်ခွင်တစ်စုံနဲ
နွေလူကို ဆီးလို့ ကြို

ကြေမွ ပျက်စီးနေတဲ့ စိတ်တွေက
လေနှင်ရာလွှင့်တဲ့ တိမ်တိုက်တွေလို
နေဝင်ချိန်ဘဝတွေက
အိပ်တန်းပြန် တောင်ပံခတ်သံတွေနဲ့
ကြေကွဲခြင်း တိမ်တိုက်တွေက ဝမ်းနည်းလို့  .. ငို ။ ။

သက်အောင် (ကလောင်တိုက်ပွဲ)

3 comments:

Anonymous July 23, 2010 at 10:22 PM  

သင့်နေတာဘဲ

နိုးဆီများများ သောက်
အဲတာဆို အဆိတ်ပြေတယ် :P

ကောင်းသောနေ့လေးပါ
အရာအားလုံးကံကောင်းပါစေ

ညီကိုမောင်နှမလေးများအား
ထာဝ၇လေးစားချစ်ခင်လျှက်
Xman_နတ်လူမုန်း

Anonymous July 23, 2010 at 10:48 PM  

D ကဗျာလေးကို ကြိုက်၏

မိုးစက်အိမ် July 27, 2010 at 12:11 PM  

ငွေ့ရည်ဖွဲ့ ညနေခင်းများစွာက
ပူလောင်ခြင်းအလွမ်းတွေအတွက်
ပတ်ကြားအက် ရင်ခွင်တစ်စုံနဲ
နွေလူကို ဆီးလို့ ကြို

သိပ်ကောင်းတဲ့ဆီးကြိုမှုလေးပေါ့ကွာ
အဲဒီနွေလူရဲ့ ရင်ခွင်ကိုဘဲမြင်တတ်ဖို့ 
လိုတယ် ကောင်မလေးက :)

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP