Thursday, August 19, 2010

အိပ်မက်တွေ ငိုကြွေးတဲ့အခါ ..

အိပ်မက်တွေ ငိုကြွေးတဲ့အခါ ..

အိပ်မက်တွေထဲ လန့်နိုးခဲ့ရ
သွေးပျက်နေတဲ့ ခံစားချက်ရဲ့
ရင်ခုန်ခြင်းမဲ့ တေးသွားတစ်ပုဒ်
ဘာသာပြန်မရခဲ့ ဘဝရဲ့ ဆိုနာတာ ...
စိတ်ပြတင်းပေါက်က ကယောင်ကတမ်းနဲ့
ဝမ်းနည်းခြင်းကို ကဗျာစပ်တယ် ..
အလင်းဖျော့  ကြယ်ကလေးတွေရဲ့
ကွဲအက်ကြေ ငိုသံတွေက
လမင်းကြီးကို ရောင်ပြန်ဟပ်တဲ့အခါ ...
တိတ်ဆိတ် ညတွေထဲ
မှောင်မိုက်ခြင်းရဲ့ အသက်ရှူသံတွေ
ခြောက်ကပ် မွန်းကျပ်တယ် ။ ။

သက်အောင်(ကလောင်တိုက်ပွဲ)

ဒီကဗျာလေး က ကျနော့်ရဲ့ ၂၇ ပုဒ် မြောက်ကဗျာလေးပါ ။
ပြီးတော့ အမှတ်တရလေးပေါ့ .. ဒီနေ့က (20.8.1992) ကျနော် ၁၈ နှစ်ပြည့် မွေးနေ့လေ ..
ကျနော့် ကဗျာလေးတွေမှာ ဝမ်းသာမှု့ ပျော်ရွှင်မှု့ဆိုတာ တွေ့ရခဲတယ် ..
ကဗျာလေးတွေ ပြန်ဖတ်မိမှ ကိုယ့်ဘဝကိုယ်ပြန်မြင်မိတယ် ..
ကျနော့်အတွက် ပျော်ရွှင်မှု့ ဆိုတာ အရမ်းဈေးကြီးနေပြီ ။

8 comments:

khun August 19, 2010 at 7:08 PM  

ံမွေးနေ့ဆိုလို့ Happy Birthday.....
မောင်လေးရေ
အစ်မလည်း ဘယ်မှမရောက်ဖြစ်ဘူး ဖြစ်နေတယ်
စိတ်ပေါက်ရင်တော့ စာရေးဖြစ်ပါတယ်။

၁၈နှစ်ဆိုတော့ ငယ်ငယ်လေးရှိသေးတယ်။ ကြိုးစားနော်...။
အသက်ကြီးလာတဲ့အခါ နောက်တမရဖို့လေ။
အစ်မကတော့ အသက်တွေကြီးလာလေလေ နောင်တတွေ များလာလေလေဘဲ..........

Anonymous August 19, 2010 at 9:29 PM  

မောင်ငယ်လေး..
ဒီနေ့ ၁၈ နှစ်ပြည့် မွေးနေ့ ပေါ့နော်..
ပျော်ရွှင်သော မိသားစုများနဲ့ နေ့သစ်မှာ တစ်ဖန် စိတ်သစ်
လူသစ် နဲ့ ဘ၀ သစ်ကလေးနဲ့ နှစ်သစ်တစ်ခုကိုကြိုဆို လိုက်တော့ နော်..
အရာရာတိုင်း လိုအင်ပန်းတိုင်ရောက်ဖို့
အငို အပြုံး တွေကြား စိတ်ဓါတ်တွေ ခိုင်ခိုင်ထား
မယိုင် မလှဲ နိုင်တဲ့ သံမဏိ စိတ်ဓါတ်အုပ်တံတိုင်း ကြီး
တစ်ခု အုပ်မြစ်ချလိုက် နိုင်ပါစေ။
မွေးနေ့ မှာ မေမေ ကို ထိုင်ကန်တော့ လိုက်နော် ..
မောင်ငယ်လေ.ရဲ့ မမ မီးမီးမယ်လ်

Cameron August 19, 2010 at 10:15 PM  

အော်...မွေးနေ့လား...ဟက်ပီးဘတ်ဒေးပါ မောင်လေး
ခုမှ18နှစ်ပဲရှိသေးတာလား...အမသားလေးနဲ့မတိမ်းမယိမ်းပဲ...ဟဲဟဲ..
မရောက်ဖြစ်တာကြာပြီ....ကျန်းမာပါစ...မကြာမကြာလာလည်ပါ...အမကတော့ သိပ်မအားတာနဲ့ နေမကောင်းတာနဲ့ပဲ သိပ်ရောက်ဖြစ်တာ...မောင်နှမတွေကိုအမြဲစိတ်ထဲရှိပါတယ်...

ခင်တဲ့
မိုးငွေ့

ဏီလင်းညို August 20, 2010 at 4:32 AM  

ညီလေးရေ့......

အစ်ကိုရောက်လာတယ်.....။
နေမကောင်းဖြစ်နေခဲ့တယ်လေ....။
ကြာပြီညီလေး......တစ်လကျော်သွားပြီ......။
ဘယ်မှလည်း သိပ်မရောက်ဖြစ်တော့တာ.....။

မွေးနေ့မှစပြီး ရှေ့ဆက်ရမယ့်ဘ၀ခရီးလမ်းတစ်လျှောက် အောင်မြင်ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးခဲ့တယ်.....။
ကဗျာလေးလည်း ခံစားဖတ်သွားပါတယ်......။
အမြဲပျော်ရွှင်တက်ကြွနေမယ့် ညီလေးတစ်ယောက်ဖြစ်နိုင်ပါစေဗျာ....။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

မိုးစက်အိမ် August 20, 2010 at 7:19 AM  

ညီလေးရေ ပျော်ရွှင်သောမွေးနေ့ လေးဖြစ်ပါ
စေဗျာ အစ်ကိုလည်းနက်မရလို့ ခုမှလာနိုင်တာ ညီမွေးနေဆိုတာလည်းခုမှသိရတော့ကဗျာရေး
ပေးဖို အချိန်မမှီတာလေးကိုတော့နားလည်ပေးပါ
ငါ့ညီရယ် ညီလေးသာတစ်ပတ်လောက်စောပြော
ရင်အဆင်တော်တော်ပြေသွားမှငါ့ညီရ ခုတော့
ငါ့ညီမွေးနေ့ အတွက်ဆုမွန်ကောင်လေးဘဲတော
င်းပေးသွားတယ်နော် မွေးနေ့ မှာစိတ်ချမ်းသာ
ကိုယ်ကျန်းမာနဲ့  ဘ၀မှာအောင်မြင်မှုကိုတွေ
ထာဝရပိုင်ဆိုင်နိုင်ပါစေဗျာ . . . :)

လင်းခေတ်ဒီနို August 20, 2010 at 7:12 PM  

ဟက်ပီးဘက်ဒေး ညီလေးး)))

မွေးနေ့မှတိုင် ညီလေး နေလိုတဲ့ အသက်ထိ နေနိင်ပါစေ ပျော်ရွင်နိင်ပါစေ

ဆောင်းယွန်းလ August 20, 2010 at 11:30 PM  

နောက်ကျဆုတောင်းပေမယ့် သစ်လွင်နေပါစေလို့ ဆုတောင်းပေးတယ် ညီလေးရေ...ပျော်ရွှင်နိုင်ပါစေ..လိုရာပန်းတိုင်ကို အရောက်လှမ်းနိုင်ပါစေ

ညလင်းအိမ် August 21, 2010 at 6:30 AM  

ညီလေးရေ အကိုနောက်ကျမှ ရောက်လို့ ခွင့်လွတ်ကွာ ...

မွေးနေ့မှစပြီး နောက်နှစ်ပေါင်း များစွာတိုင်
ပျော်ရွှင်ခြင်းတွေနဲ့ပဲ တွေ့ကြုံရပါစေ ...

ပျော်ရွှင်မှုက ဈေးမကြီးပါဘူး ...
ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံးနဲ့ ရယူဖို့ အလွယ်ဆုံးအရာဟာ ပျော်ရွှင်မှုပါပဲ ...
ပျော်ရွှင်မှုဆိုတဲ့ သူက သူ့ဖာသာနေတတ်တယ် ..
တခါတလေ ကိုယ်က ရှာတတ်ရတယ် ...
ဥပမာဆိုကြပါစို့ ..
တနေ့ကို ပျော်ရွှင်မှု ရာခိုင်နှုန်း ဘယ်လောက်ရခဲ့လဲဆိုတာ တနေ့တာ ကုန်ဆုံးချိန်မှာ စဉ်းစားကြည့်ပါ ...
အစတော့ သုံည ရာခိုင်နှုန်းပဲ ရှိချင်ရှိနေလိမ့်မယ် .. တဖြည်းဖြည်း တိုးလာအောင် လုပ်ကြည့် ...
ရာခိုင်နှုန်း တက်လာလိမ့်မယ် ...
အဲ ၁၀၀ ရာခိုင်နှုန်းတော့ ပြည့်မှာမဟုတ်ဘူး .. ဒါပေမယ့် ပျော်ရွှင်မှုကို ရှာတတ်လာလိမ့်မယ် ...

ကြိုးစားကြည့် ညီလေးရေ ...

ခင်မင်စွာဖြင့်
ညလင်းအိမ်

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP