Monday, August 30, 2010

သူမ ကိုလွမ်းလို့ 

သူမ ကိုလွမ်းလို့ 

အလွမ်းကိုဖွဲ့သီလို့ 
တေးတစ်ပုဒ် ဆိုညည်းမယ်
"သူမကိုလွမ်းတယ် .."

တေးသွား ရနံ့ကြွေသံကို
ကြင်နာခြင်းတွေ
သိခဲ့ကောင်းပါရဲ့ ..

ဝမ်းနည်းစွာ ငိုကြွေးမှု့တွေနဲ့
ကဗျာ တစ်ပုဒ် ဖွဲ့သီမယ်
"သူမကိုလွမ်းတယ် .."

ခါးသီးစွာ အရွာလွန်တဲ့
မိုးရေစက်တွေထဲ
မျက်ရည်စတွေ ပျောက်ဆုံးတယ် ..

ချစ်တတ်ခဲ့လို့ ကြွေကွဲမှု့တွေနဲ့
ပန်ချီတစ်ကား ရေးဖြစ်ခဲ့
"သူမကိုလွမ်းတယ် .."

နာကျင်ခြင်းတွေဆေးစက်မညီ
စုပ်ချက်များစွာနဲ့ နှလုံးသားကတော့
ငိုသံတွေ နဲ့ ကြွေမွလို့ ..

ကစဥ့်ကလျားနဲ့
စိတ်ဖြစ်စဉ်တွေရယ်
ညဥ့်နက်တိုင်းမှာ အိပ်မက်ဆိုးတွေနဲ့
"သူမကိုလွမ်းတယ် .. " ။ ။

သက်အောင်(ကလောင်တိုက်ပွဲ)

0 comments:

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP