Wednesday, September 1, 2010

၂၁ ရာစု ရဲ့ အသက်ရှူသံ

၂၁ ရာစု ရဲ့ အသက်ရှူသံ

တကယ်တော့ ..
ဘာဆို ဘာမှ မရေရာတဲ့ ဘဝကြီးထဲ
ငါတို့ အားလုံး .. အတွေးတွေ နယ်ချဲ့ ရင်း
ခံစားမှု့အားလွန်ကဲကြ
တစ်ခါတရံ .. အရှုံးတွေကို
ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ
ထိခိုက်လွယ်လွန်း ခဲ့ကြပြန်ရော ..
ထိတွေ့ကိုင်တွယ်လို့  မရတဲ့
ကြယ်မမြင် လမမြင် လောကဒဏ်ထဲ
အိပ်မက်တွေကတော့ ရင်ဘက်နဲ့အပြည့်
သံသရာစက်ဝန်းထဲ မျောဝင်နေတဲ့
အသက်ရှူသံတွေကတော့
လေထုရဲ့ညစ်ညမ်းမှု့ကို
မြိန်ရေရှက်ရေ စားသုံးရင်း ..
သဘာဝရဲ့ ရွက်ကြမ်းရေကြို အလှတွေကို
ခံစားယစ်မူးနေကြတယ် ..
မာယာများလွန်းတဲ့ ဟန်ဆောင်အပြုံးတွေက
ငို နည်း ပေါင်းစုံကို စုံမက် ဖက်တွယ်ရင်း
ဘယ်သောအခါ ရယ် ရပါ့မလဲ
ဝေခွဲရခက်နေတာ .. ။ ။


သက်အောင်(ကလောင်တိုက်ပွဲ)

0 comments:

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP