Sunday, November 14, 2010

နားထောင်ဖြစ်ခဲ့သော အမေစုရဲ့ မိန့် ခွန်း

နားထောင်ဖြစ်ခဲ့သော အမေစုရဲ့ မိန့် ခွန်း


credit go to irrawaddy

ကျနော်တို့ တွေ အတွက် အမေစု လွတ်လာတာဟာ အားဖြစ်စေပါတယ် ။

လွတ်လာပြီ ဆိုတော့ ဘာတွေဖြစ်လာမယ် .. ဘာတွေလုပ်ကြမယ်ဆိုတာကို မျှော်လင့်တွေးမိ ရင်း ..

၇ နှစ် အတွင်းမှာ ပထမဦးဆုံးအကြိမ်ပြောဖြစ်တဲ့ မိန့် ခွန်းလေးကို နားထောင်ဖြစ်ခဲ့ပါတယ် ။

ရဲရင့်သော မျက်လုံးတစ်စုံနဲ့ အားမာန်အပြည့်ရှိလှတဲ့ အပြုံးကို ဆင်မြန်းရင်း သူမရဲ့ ပရိသတ်ကို စိတ်ခွန်အားတွေ ပေးခဲ့ပါတယ် ။

အမေ မိန့် ခွန်းပြောတာကို နားထောင်နေတဲ့ ပရိသတ်ကြီးဟာ ထောင်ချီရှိနိုင်ပြီး မြင်ရတဲ့ သူတွေအတွက် တကယ်ကို စိတ်ဓာတ်တွေ တက်ကြွစေပြီး ..

လူထုကို စိတ်ဓာတ်ခွန်အားအတွက် အားဆေးတစ်ခွက်တိုက်ကြွေးခဲ့သလိုပါပဲ ..

အမေပြောခဲ့တာကတော့

မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ ရရှိရေး အရေးကိုဆောင်ရွက်ရာမှာ လူထု ဟာ အဓိကကျပြီး ..

အဲ့ဒီ အင်အားကို စနစ်ကျကျ အသုံးချ ဖို့  လိုကြောင်း ..

အောင်မြင်မှု့ကိုလိုချင်ရင် မျှော်လင့်နေရုံ နဲ့ မပြီးပဲ အားလုံး အတူတွဲလက်ညီစွာနဲ့ လိုချင်တာကို မရရအောင် လုပ်တတ်မှ လုပ်ရဲမှ လုပ်နိုင်မှ အောင်မြင်မှု့ကို ရမယ် လို့  ပြောခဲ့ပါတယ် ။

ပြည်သူတွေ ထိခိုက်စေနိုင်တဲ့ မည်သည့် အကြောင်းအရာမျိုးကိုမှ မလုပ်မိစေဖို့  တိုက်တွန်းခဲ့ပါတယ် ။

သူမကို ချုပ်နှောင် ထိန်းသိမ်းခဲ့ သူတွေအပေါ်မှာ ဘာအညိုးအာဂတမှ မထားပဲ ..မြန်မာနိုင်ငံရဲ့ အမျိုးသားသင့်မြတ်ရေးနဲ့ လူ့ အခွင့်အရေး အပြည့်အဝ ရရှိရေးကိုသာ ထောက်ခံအားပေးစေလိုကြောင်း .. အမေက လူ့ အခွင့်အရေးနဲ့ မျှတတဲ့ တရားဥပဒေ ရရှိရေးကို သာ အာရုံစိုက်ပြီ .. ဒီမိုကရေစီလမ်းကိုယုံကြည်မှု့အပြည့်နဲ့ ဆက်လက်လျှောက်သွားမယ် လို့ မိန့် ဆိုခဲ့ပါတယ် ။

ဒီလိုတွေ သူမ ဆောင်ရွက်နေတာဟာ ဘယ်သူ ဘယ်ဝါ ကို မုန်းလို့  အညိုးထားပြီး လုပ်ဆောင်နေတာမဟုတ်ပဲ .. အဲ့လိုယုတ်ညံ့တဲ့ စိတ်ထားမျိုး နဲ့ အမုန်းပွားနေဖို့ ကိစ္စတွေကို ခေါင်းထဲ သွင်းဖို့  အချိန်မရှိနိုင်ကြောင်း ပြောခဲ့ပါတယ် ။



credit go to irrawaddy


ကျနော် အမေ ရဲ့ မိန့် ခွန်းကို နားထောင်နေတုန်း ..

တွေးမိတာလေးက ကျနော်တို့  လူထုတွေသာ အကြံဖက်ဝါဒကို စွဲကိုင်ပြီး လက်နက်ကိုင် ပြီး ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့တယ်ဆို ရင် ကျုပ်တို့  မြန်မာနိုင်ငံဟာ ကမ္ဘာအလယ်မှာ ခုလို အားရုံစိုက်မှု့ ခံရမှာမဟုတ်နိုင်ပါဘူး ..

ကျနော်တို့  ဒီမိုကရေစီလမ်းစဉ်ရဲ့ သင်္ကေတ ငြိမ်းချမ်းရေး လက်နက်ကိုသာ စွဲကိုင်ပြီး တိုက်ပွဲဝင်ခဲ့တဲ့အတွက် ကမ္ဘာအလယ်မှာ မြန်မာနိုင်ငံဆိုပြီး လူသိများခဲ့တာပါ ။

အဲ့တော့ ကျနော်ပြောချင်တာက အားလုံးကို မေတ္တာရှေ့ထားခွင့်လွတ်ပေးပြီ ကျနော်တို့ ရဲ့ လွတ်လပ်ရေးပန်းတိုင် သို့  အမြန်ရောက်ရှိရေးကိုသာ ဦးစားပေး ရှေးရှူ စေလိုကြောင်း တိုက်တွန်းရင်း နောင်ရှေ့ဆက်ပြီး အမေစုလဲ ကျန်းမာစွာနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး စွမ်းဆောင်နိုင်ပါစေကြောင်း တောင်းဆုပြုအပ်ပါတယ် ။




သက်အောင်(ကလောင်တိုက်ပွဲ)

0 comments:

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP