Monday, November 15, 2010

လူငယ်တွေရဲ့ အမေစု

လူငယ်တွေရဲ့ အမေစု


စစ်အစိုးရက ၁၅နှစ်ကျော်ကြာနေအိမ်အကျယ်ချုပ်ချထားခံရခြင်းမှ

ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း

မြန်မာနိုင်ငံရဲ့ ဒီမိုကရေရရှိရေး အတွက် စိတ်အားထက်သန်စွာ ဆက်လက်တိုက်ပွဲဝင်နေပါတယ်။

သူမကို စစ်အစိုးရက ယုတ်ညံ့သောနည်းလမ်းပေါင်းစုံနဲ့ ထိန်းချုပ်ထားစေဦးတော့

မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍမှာ သူရဲ့ ဦးဆောင်မှု၊ ကိုယ်စားပြုမှုတွေဟာ ဘယ်တော့မှပြောင်းလဲမသွားပါဘူး။

မြန်မာတွေရဲ့ စိတ်ကို လှုပ်ကိုင်နိုင်တဲ့ နိုင်ငံရဲ့ အားဆေးတစ်ခွက်ပါ ။

ကျနော်တို့  လူငယ်တွေ အများစုအတွက် အမေစု အကြောင်းကို သတင်းတွေဖတ်ရာ လူကြီးတွေပြောပြရာမှ တစ်ဆင့် သိရှိခွင့်ရခဲ့တာပါ များသောအားဖြင့် လူငယ်တွေဟာ နိုင်ငံရေး နဲ့ အလှမ်းဝေးတာများပါတယ် ..

အထူးသဖြင့် မြန်မာ လူငယ်တွေကို အစိုးရက ဖိနှိပ်ထားခဲ့တာပါ ..

အထိကရုဏ်တွေ စဖြစ်ပြီဆို ကျောင်းသားတွေကပဲ စခဲ့တဲ့အတွက် အစိုးရဟာ ကျောင်းတွေကို မြို့နဲ့ဝေးတဲ့ နေရာတွေမှာ ဖွင့်လှစ်စေခဲ့တာပါ ..

ဒါကြောင့် မြန်မာနိုင်ငံ အတွင်းက ကျောင်းသားတွေအတွက် သွားရေးလာရေး အခတ်အခဲတွေရှိပြီး ..

မြို့ထဲမှာ တစ်ခုခုဖြစ်ပြီဆို ကျောင်းသားတွေက ပူးပေါင်းနိုင်ခြင်းမရှိပဲ .. ကျောင်းသားတွေ ပြဿနာရှိပြီဆို လူထုက သွားရောက်ပူးပေါင်းနိုင်ရန် ခတ်ခဲမှု့တွေနဲ့ ဖိနှိပ်ထားခဲ့တာပါ ။



ဒါပေမယ့် .. လူငယ်တွေ အားလုံးရဲ့စိတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ နာမည်ဟာ ထာဝစဉ် ရှင်သန်နေတာပါ

ကျနော်တို့ လူငယ်တွေအတွက် စစ်အာဏာရှင်စနစ် မုန်းတီးရေးစိတ်ဓာတ်တွေဟာ သင်ဆရာ မလို ပဲ တတ်မြောက်ခဲ့တဲ့ နိုင်ငံရေး အသိစိတ် တစ်ခုပါ။

အာဏာရှင် စနစ်ရဲ့ ဖိနှိပ်မှု့တွေကြားမှာ အခြေအနေ တခုကြောင့်သာ နှုတ်ဆိတ်နေခဲ့ရတာ ..

အခုအမေစုလွတ်ပြီလည်း ဆိုရော အားလုံး ၀ိုင်းစု သွားကြတာ.. လာပါလို့ မခေါ်ဘဲ ခြံရှေ့မှာ သွားစောင့်နေတာ။ဒါတွေအားလုံးဟာ လူငယ်တွေသာမက လူထုကပါ သူမပေါ်ထားတဲ့ ချစ်ခင်စိတ်နဲ့ ယုံကြည်မှု့ပါ ။

ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အမည်ကို ကြားရုံနဲ့ နိုင်ငံရေးတက်ကြွစိတ်တွေ အမျိုးသားရေအသိစိတ်တွေ နိုးကြားလာစေပါတယ်

ကျနော့် ကိုယ်တွေ့ပါ ..

ကျနော့်မှာ သူငယ်ချင်းတစ်ယောက်ရှိပါတယ် ..

သူရဲ့ မိဘတွေဟာ အစိုးရဝန်ထမ်းတွေဖြစ်ပါတယ် သူ ကြီးပြင်းလာခဲ့ရတဲ့ အသိုင်းအဝိုင်းဟာလဲ စစ်ထပ်ထဲမှာပါ ..

အရင်ကဆို ကျနော်စာတွေရေး နိုင်ငံရေးလှုပ်ရှားမှု့တွေလုပ်ရင် ဝေဖန်ခဲ့တာကသူပါ ။

အကျိုးမရှိတဲ့အလုပ်တွေ လုပ်တယ် အချိန်တွေဖြုန်းနေတယ်ဆိုပြီး ပြောခဲ့တဲ့သူပါ ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီ ဆိုတဲ့ သတင်းကို ဝမ်းသာအားရ ကျနော့်ဆီ ပထမဦးဆုံး ပြောပြခဲ့သူဟာလည်း သူပါပဲ အဲ့ဒီနောက်ပိုင်းမှာတော့ သူရဲ့ Gmail ပြီးတော့ Facebook ပေါ်မှာပါ ဒေါ်အောင်ဆန်စုကြည်ပုံကို တင်ထားတာ ခုထက်ထိပါ ။



ကျနော်တို့ အတွက် စိုးရိမ်စရာရှိတာက .. အမေစုရဲ့ လုံခြုံ ရေးပါ ..

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတုန်းကလဲ ပြည်သူရဲ့ သူ့ အပေါ်ထားတဲ့ မေတ္တာ ကိုယုံကြည်ခဲ့ပါတယ်

အဲ့ဒီ ယုံကြည်မှု့ကို အကြမ်းဖတ်အတိုက်အခံတွေက အခွင့်ကောင်းယူပြီး လုပ်ကြံသွားခဲ့တာပါ ..

ခုအခြေအနေမှာလဲ အမေစု အတွက် လုံခြုံရေးဟာ အရမ်းအရေးကြီးနေတာပါ ..

စစ်အစိုးရဟာ အမေစုကို လွတ်ပေးလိုက်ပြီးကတည်းက သူတို့ နဲ့ မဆိုင်တော့ဘူး ဆိုပြီး အမေ့ရဲ့ အသက် ကို အန္တာရယ်ပေး လုပ်ကြံမှု့တွေရှိလာနိုင်ပါတယ် ။

တနေ့ ဟောပြောပွဲကို ပဲ ဥပမာထားပါဦး .. ဆူပူမှု့ကို လုပ်ကြံဖန်တီးနိုင်တဲ့ လူတွေဟာ လူထုနဲ့ ရောနေတာပါ ။

လူထုက "အမေကျန်းမာပါစေ" လို့ ဆုတောင်းပေးတော့ အဲ့ဒီလူတွေက မူးမူးရူးရူး နဲ့ "ဘာလို့  မကျန်းမာရမှာလဲ အပိုတွေ" ဆိုပြီး ရန်စခဲ့တဲ့ ဖြစ်ရပ်တောင်ရှိခဲ့ပါတယ် ။

အဲ့ဒီအတွက် လူထုအနေနဲ့ ရန်စမှု့တွေရှိလာခဲ့ရင်လဲ အမေပြောသလို မေတ္တာတရားကို လက်ကိုင်ထားပြီး ခွင့်လွတ်ပေးပါလို့  တိုက်တွန်းချင်ပါတယ် ..

ခုဆို အမေစုဟာ ဒုတိယပင်လုံညီလာခံဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်နေပြီး ..

ဝေးကွာနေတဲ့ လူထုရဲ့ ရင်းနှီးမှု့ကို ရယူတဲ့အနေနဲ့ နိုင်ငံတဝန်း ခရီးထွက်မှာဖြစ်ပါတယ် ။

အဲ့ဒီအတွက် အမေစုရဲ့ ဒီမိုကရေစီရရှိရေး ပန်းတိုင် ဆီသို့  သွားရာလမ်းတစ်လျှောက်မှာ ခလုတ်မထိဆူးမညိစေဖို့  ဆုတောင်းရင်း ဒီ ဆောင်းပါးလေးကို အဆုံးသတ်ပါရစေဦး ။



ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ ..


သက်အောင်(ကလောင်တိုက်ပွဲ)



0 comments:

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP