Saturday, December 4, 2010

မြန်မာနိုင်ငံမှ တရားဝင်လက်နက်ကိုင် သောင်းကျန်းသူကြီးများ .. အပိုင်း ( ၂ )

ပြည်သူလူထု ရဲ့ တစ်ဦးတည်းသော ရန်သူ
(သို့ မဟုတ်)
ပြည်တွင်းမှ တရားဝင်လက်နက်ကိုင်သောင်းကျန်းသူကြီးများ အပိုင်း ( ၂ )

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး ကတည်းက နိုင်ငံရေးလုပ်ငန်းတွေ လူမှု့ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ပြီး တက်ကြွစွာလုပ်ဆောင်လာတာကို တွေ့မြင်နေရပါတယ် ။ ဒီလို မွန်မြတ်တဲ့စိတ်ထားနဲ့ နိုင်ငံ့အရေးကို ဆောင်ရွက်နေသူများအားလုံးကို အထူးပင်လေးစား အမိမြေကိုယ်စား အလွန်ပင်ဝမ်းမြောက်ဂုဏ်ယူမိပါတယ် ။

နိုင်ငံ့အရေးကို ဦးစားပေးလုပ်ကိုင် ဆောင်ရွက်နေသူများရှိသလို နိုင်ငံ့အရေး လူမှု့အရေး လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ လိုက်လံပြီး ဖျတ်ဆီးနေတဲ့ လူတစ်စုကိုလဲ မသဒီစရာတွေ့နေရပါတယ် ။ အဲ့ဒီလူစုဟာ မည်သူလဲအငြင်းပွားနေစရာမလိုပဲ ပြည်သူလူထုရဲ့တစ်ဦးတည်းသော ရန်သူ စစ်အစိုးရပဲ ဖြစ်ပါတော့တယ်။ စစ်အစိုးရအတိုက်အခံများကလူအများအကျိုးပြုလုပ်ငန်းများကို ပိုပြီးလုပ်ကိုင်လေ စစ်အစိုးရအတွက် ရန်သူတိုးလေပါပဲ ။

ဒေါ်အောင်ဆန်းစုကြည်က ဦးစီးဦးဆောင်ပြီး NLD အဖွဲ့ဝင်များက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူမှု အထောက်အကူပြု အဖွဲ့မှ မဖြူဖြူသင်း ဦးဆောင် စောင့်ရှောက်ထားသည့် တောင်ဒဂုံမြို့နယ်ရှိ HIV/ AIDS ဝေဒနာရှင်များ နေထိုင်သော နေအိမ်ကိုသွားရောက်ပြီး HIV / AIDS ရောဂါဝေဒနာသည်များကို အားပေးရန်သွားရောက်ဆုံတွေ့အပြီးမှာ စစ်အစိုးရရဲ့ မသဒီစရာ ရုပ်သွင်ဟာ ပိုလို့ ပီပြင်လာခဲ့ပြီး ကိုယ်ချင်းစာနာစိတ်မရှိ ယုတ်မာသောအကြံညဏ်နဲ့ ရောဂါသည်ဝေဒနာရှင်များကို နေထိုင်ရာဂေဟာမှ ရပ်ကွက်နဲ့ရန်တိုက်ပေးကာ အတင်း ပြောင်းရွှေ့ရန် ဖိအားပေးခဲ့ပါတယ် ။ အဲ့ဒီအပြင် ရောဂါသည်ဝေဒနာရှင်များကို သွားရောက်ကြည့်ရှုအားပေးခဲ့တဲ့ စာပေ ၊ အနုပညာ အသိုင်းအဝိုင်းမှ အနုပညာရှင်များကိုလဲ ဖိနှိပ်မှု့များ ပြုလုပ်ခဲ့ပြီး အနုပညာ လုပ်ကိုင်ခွင့်ကိုပါ ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်

တစ်ကမ္ဘာလုံးက World AIDS Day နဲ့ ဝေဒနာရှင်များကို ဖေးမကူညီ နေတဲ့ အချိန်မှာ ခုလိုဖိနှိပ်ချုပ်ချယ်မှု့တွေဟာ အင်မတန်မှ အကျည်းတန်လှပါတယ် ။ ပြီးတော့ အနုပညာရှင်များဟာလဲ သာမန်ပြည်သူ များသာဖြစ်တဲ့အတွက် ပြည်သူအချင်ချင်းဖေးမကူညီ တဲ့ နေရာမှာ ခုလို ကန့်သတ်ပိတ်ပင်မှု့များဟာ ဦးကျော်သူပြောသလို လူ့ အခွင့်အရေးကို ချိုးဖောက်မှု့မျိုးသာဖြစ်ပါတယ် ။

အခြေအနေတွေကို လေ့လာကြည့်မယ်ဆိုရင် စစ်အစိုးရရဲ့ ခေါင်းထဲမှာ စစ်အာဏာရှင်စနစ်အတိုက်အခံများကို ဖိနှိပ်ရန် အကြံအစည် ဖြင့် ဘာကိုမှဂရုမစိုက်ပဲ နှိပ်ကွပ်နေတာဖြစ်ပါတယ် ။ ဒါပေမယ့် ဖိနှိပ်တယ်ဆိုတဲ့ နေရာမှာ မသက်ဆိုင်တဲ့လူတွေကို မထိခိုက်စေဖို့ စဉ်းစားချင့်ချိန်သင့်ပါတယ် ။ ဒီလိုမျိုး လုပ်ရပ်တွေဟာ စစ်အစိုးရရဲ့ ပြည်သူလူထုတွေအပေါ် မလေးစားမှု့ လူထုကို ဂရုစိုက်မှု့မရှိပဲ စစ်အာဏာရှင်စနစ်ကို ပေါ်လွင် ထင်ဟပ်နေစေပါတယ် ။ ခုလို မသဒီစရာအခြေအနေမျိုးတွေကိုသာ စစ်အစိုးရ အနေနဲ့ ထပ်မံကျူးလွန် လုပ်ဆောင်လာမည်ဆိုရင်တော့ စစ်ခွေးတွေရဲ့ ပါစပ်ကထွက်သလို “ပြည်သူတွေရဲ့ အစိုးရလား ၊ အစိုးရရဲ့ ပြည်သူတွေလား” ဆိုတာကိုတော့ သေချာခွဲခြားသိဖို့ လိုလာပါပြီ ။

သက်အောင်(ကလောင်တိုက်ပွဲ)

0 comments:

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP