Monday, December 20, 2010

အမိယုတ် စစ်ခွေးသားများ

အမိယုတ် စစ်ခွေးသားများ

လူတွေအားလုံးမှာ မွေးကတည်းက တတိယမျက်လုံးဆိုတာ ပါလာခဲ့ပြီးသာပါ လူတွေရဲ့စိတ်ပေါ့ အဲ့ဒီ စိတ်ဟာ အကောင်း အဆိုး အမှားအမှန် ကို ခွဲခြားသိမြင်နိုင်တယ်။ အလွန်ကို နူးညံ့လွန်းပါတယ်။ ထိခိုက်ပွန်းပဲ့အလွယ်ကူဆုံးပါပဲ ။ အဲ့ဒီ စိတ်ဟာ ကျနော်ဒို့တွေ အသက်ကြီးပြင်းလာတဲ့နှင့်အမျှ အတွေ့အကြုံတွေ ရင့်ကျက်လာပြီး ကျနော်တို့ ရဲ့ ခန္ဓာကိုယ် ထိန်းချုပ်မှု့တွေရှိလာတာပါပဲ။ အဲ့ဒီကောင်းမွန်တဲ့ စိတ်ကိုရရှိဖို့ အတွက် ထိန်းကျောင်းပေးတာကတော့ အဲ့ဒီ စိတ်ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းပါပဲ။

တံငါ နားနီး တံငါ မုဆိုး နားနီး မုဆိုး ဆိုတဲ့ဆိုရိုးကလဲရှိသေးတာကို။ ”အမိယုတ်တော့နှုတ်ကြမ်း”ဆိုသလိုပေါ့။ ခုကျနော်တို့ လူ့ ပတ်ဝန်းကျင်အတိုင်းအဝိုင်းမှာလဲ ငယ်စဉ်ကတည်းက စိတ်ဆိုးစိတ်ညစ်တွေရှိတဲ့ အသိုင်းအဝိုင်းမှာ ကြီးပျင်းလာခဲ့ရတဲ့ လူဆိုးလူညစ်တွေကိုလဲ တွေ့နေရပါတယ် ။ အကောင်းဆုံး နမှုနာပြမယ်ဆိုရင် တပ်မတော် နဲ့ စစ်တပ်ကိုသာ ကြည့် ရှင်းရှင်းလင်းလင်းကို သိရမယ် ။စစ်ခွေးတွေအတွက်မိုက်ရိုင်းတယ် လူမဆန်တဲ့အပြုအမှုတွေလုပ်တယ် ဆိုတာအဆန်းမှမဟုတ်တော့ပဲ။ သူဒို့တွေ ကြီးပြင်းလာရတဲ့ လူနေမှု့အဆင့်အတန်းနဲ့ စရိုက်တွေကလဲ မေ့ထားလို့ မှမရပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရ ရဲ့ အတိုက်အခံဖြစ်တဲ့အတွက် စစ်ခွေးသား အမိယုတ်သားတွေအတွက် နိုင်ငံရေးအရ လေးစားမှု့မရှိရင်တောင် လူမှု့ရေးအရတော့ လေးစားမှု့ရှိသင့်ပါတယ် ။ အမေစုဟာ ကျနော်ဒို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာ ပညာရှင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်ဖြစ်သလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရရှိရေး နိုင်ငံသားအားလုံးအတွက် တူညီတဲ့ လူ့ အခွင့်အရေးတွေကို ဆောင်ရွက်နေတဲ့ သူ၊ မြန်မာသာမက ကမ္ဘာကပါ လေးစားရတဲ့ နိုဘယ်ဆုရှင် တစ်ဦးပါ ။ ပြီးတော့ လူ့ ယဉ်ကျေးမှု့အရ ကြီးသူကိုရိုသေ ဆိုသလို ဒေါ်စု ဟာ စစ်ခွေးအားလုံး ရဲ့ အသက်ထက် ကြီးရင့်ပြီး အစစအရာရာမှာ သာလွန်နေတဲ့ အမျိုးသမီးတစ်ဦးပါ ။ဒေါ်စုဘာတွေသာလွန်နေလဲ မေးလာခဲ့မယ်ဆိုရင်တော့ အကောင်းဆုံးအဖြေဟာ စစ်အစိုးရ နှင့် စစ်အာဏာရှင်စနစ်ကို ထောက်ခံခဲ့မှု့ မရှိခြင်းပါပဲ။

စစ်ခွေးတွေပြောတတ်ပါတယ် စစ်သားဆိုတာတိုင်းပြည်နဲ့ လူမျိုးကိုကာကွယ်ဖို့ သစ္စာအဓိဋ္ဌာန်ပြုထား တဲ့သူတွေဆိုပဲ။ ဟုတ်တာပေါ့ .. စစ်အစိုးရအုပ်ချူပ်နေတဲ့ တိုင်းပြည်နဲ့ စစ်အာဏာရှင်အမျိုးယုတ်တွေကိုပဲ ကာကွယ်နိုင်တာ အမျိုးဘာသာသာသနာအရေးကျတော့ ဖျက်ဆီးပစ် ပါလေရောလား ။ သက်ကြီးရွယ်အိုတွေကို ရိုသေဖို့ ကိုဘေးဖယ်ထားဦး။ ဗုဒ္ဓရဲ့သားတော်တွေကိုတောင် အသေရိုက်ပါတယ်ဆိုမှ ဗုဒ္ဓ ရဲ့ အဆုံးအမတွေ ဘယ်တွေပျောက်ကုန်ပြီလဲဆိုတာ အံ့သြစရာပါပဲ ။ အမိယုတ်သားတွေအတွက် ကိုးကွယ်ရာဆို သန်ရွှေ နဲ့ ဇနီး သားသမီးများပဲကျန်တော့ မှာပေါ့။ နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် ပြည်သူတွေနဲ့ နိုင်ငံတော်ကပြုစုမွေးထုတ်ပေးပါရဲ့ ဒါပေမယ့် လူ့ ပတ်ဝန်းကျင် မှာ သောင်းကျန်းနေတာများ တကယ့်ကို အောက်တန်းစား စိတ်ဓာတ်တွေပဲ ။

အခု စစ်အစိုးရအားပေး ဘလောဂ်တွေမှာ သောင်းကျန်းနေတဲ့ စစ်ခွေးတွေအတွက် ဒီမိုကရေစီအရေးဆောင်ရွက်နေတဲ့ စစ်အစိုးရ အတိုက်အခံတွေကို ရိုင်းပြစွာဆဲဆိုနေခြင်းဟာ အထက်အရာရှိတွေနဲ့ သက်ဆိုင်သူတွေကို အလိုတော်ရီး လုပ်ပြီး အရသာရှိကောင်းရှိနေပါလှိမ့်မယ် ဒါပေမယ့် သူတို့ ကိုမွေးထုတ်ပေးလိုက်တဲ့ မိဘ ၊ နိုင်ငံ နဲ့ တပ်မတော်ရဲ့ သိက္ခာကတော့ အဖတ်ဆယ်လို့ မရနိုင်အောင်ပါပဲ ။

သက်အောင်(ကလောင်တိုက်ပွဲ)

1 comments:

မိုးယံ December 21, 2010 at 1:40 AM  

ဖတ်ရင်း တွေး ၊ တွေးပြီးတော့ ...

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP