နားခိုရာမဲ့သူဧ။်အမှောင်ကျသောနဲ့ရက်များ ၃
ခြောက်လပြည့်တော့ ဒိုးလေး နာကျင်နေတဲ့ ခံစားမှု့တွေနှင့်အတူ ဖေဖေ့ဆီရောက်ခဲ့ရပြန်တယ်။
ပြန်တိုင်သံ မကြားချင်ဘူး ဆိုတဲ့ မေမေ့ စကားကို ဒိုးလေး နားမထောင်ချင်ခဲ့ဘူး။
ဒေါ်စတီစိုးရဲ့ ဗိုက်ကြောဆွဲလိမ်ခြင်းတွေ၊ ထမင်း မဝတဝ ကျွေးခြင်းတွေ၊ ဆဲရေးတိုင်းထွက်ခြင်းတွေကို ဒိုးလေး လိမ့်နေအောင်ခံစားခဲ့ရပြန်တယ်။ ရိုက်ရင် လည်းကြိုက်သလောက်ရိုက်။ ဖေဖေသာ ရိုက်ရင် ဒိုးလေးကျေကျေနပ်နပ်ခံလိုက်တာပါပဲ။
"ကိုဒီမှာ ကို့ သားလေး အရမ်းကမြင်းတယ် အပေါ်ထပ် ဧည့်ခန်းကို တက်ဆော့တာ ဖန်အိုးတစ်လုံးကျကွဲသွားတယ် ၊ ကို့ ဧည့်သည်တွေအတွက်ထားတဲ့ ဘဲကင်တွေကိုလဲ ခိုးစားတယ် ။ ပြောလိုက်ဆိုလိုက် ရင် လည်း ဂျစ်ကန်ကန်နဲ့ ပြောစကား လည်း နားမထောင်ချင်ဘူး။ ကြာရင်ဝတီရူးလိမ့်မယ်။ "
ကျောကော့နေအောင်ရိုက်တဲ့ ကြိမ်လုံးတွေကို ဒိုးလေး မုန်းလာပြီ။ ဒါပေမယ့် ဒိုးလေး ဖေဖေ့ကိုမမုန်းပါဘူး။ ဆူပူကြိမ်းမောင်းခြင်းလည်း မပြု၊ ဂရုစိုက်ခြင်း လည်းမရှိတဲ့ ဖေဖေ့အိမ်မှာ ဒေါ်ဝတီစိုးရဲ့ အမြဲတစေ တိုင်တန်းမှု့ တွေကြားမှာ ဖေဖေရိုက်ရင်လည်းခံလိုက်တယ်။ ဒိုးလေးအတွက် အရာအားလုံးဟာ နေသားတကျဖြစ်လာခဲ့တယ်။
ဒိုးလေး အသက် ဆယ်နှစ်မှာ ညီလေး ဖိုးသားကို ဒေါ်ဝတီစိုးကမွေးဖွားပြီး ညီမလေးမီးမီး ကို မေမေကမွေးဖွားခဲ့တယ်။
မေမေကမီးမီးကို ပွေ့ပွေ့ပိုက်ပိုက်ရှိနေခဲ့သလို ဦးနိုင်မိုးကလဲ မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်မြတ်နိုးခဲ့တယ်။
မေမေ ဟာ ဒိုးလေးကို မေ့နေသလို မမွေးခဲ့ဖူးတဲ့ အတိုင်း........
"မကိုချစ်တော့ ဥ ကိုချစ်တာ မဆန်းပါဘူး ဒိုးလေးရယ်။ ကိုစိုးရက ခင်လေး ကို မချစ်ဘူး။ ခင်လေးကလည်းကိုစိုးရကိုမချစ်ဘူး။ အဲ့ဒီတော့ သူတို့ ချင်း မချစ်သလို ဒိုးလေးကိုလဲမချစ်ကြဘူးပေါ့။ အဲ ဒါပေမယ့် ခင်လေးက ကိုနိုင်မိုးကိုချစ်တယ်။ ကိုနိုင်မိုး ကလည်းခင်လေး ကိုချစ်တယ်။ သူတို့ ကငယ်ကျွမ်းဆွေတွေပဲ။ သူတို့ ချစ်လို့ မွေးလာတဲ့ မီးမီးကို သူတို့ ချစ်တာလဲ မဆန်းပါဘူး ဒိုးလေးရယ်။ "
ကြီးတော်ပြောသမျှကို ဒိုးလေး နားလည်နိုင်အောင် ကြိုးစားကြည့်တယ်။ ဖေဖေ လဲ ဒေါ်ဝတီစိုးကို သိပ်ချစ်ခဲ့လို့  ဖိုးသား ကို ဒိုးလေး ထက်ပိုပြီးချစ်ခဲ့တာပဲ ဖြစ်မှာပါ။ ဒိုးလေးရချင်ခဲ့တဲ့အခွင့်အရေးအားလုံးကို ဖိုးသားရခဲ့တယ်။ ဖေဖေ့ပခုံးကို ဖက်တွဲပြီး နေရာတကာ လိုက်ပါခွင့်ကို ဖိုးသားရခဲ့တယ်။ ဒိုးလေး ဘဝ ဟာအထီးကျန်ဆန်လာတယ်။ မေမေ့ အိမ်မှာဆိုရင်လည်း ပိုက်ဆံနဲ့ မုန့် ကလွဲ ရင် ကျန်တာ ဘာတစ်ခုမှ ပိုင်ဆိုင်ခွင့်မရှိဘူး။ ဖေဖေ့ အိမ်မှာလဲဒီလိုပါပဲ။
"ဒိုးလေး....ဒီမှာရော့ မုန့် ဖိုး ကြိုက်သလောက်သုံး ကြိုက်တာစား ငါတို့ ကို ဒုက္ခ မပေးရင်တော်ပြီ ။ မီးမီးနားလည်းမလာနဲ့ ။ နင် မီးမီးကို ဆီးသီးတွေကျွေးလို့  ဆေးခန်းပြေးရတာလဲ အကြိမ်ကြိမ် နောက်တစ်ခါ ဆိုကိုနိုင်မိုး နင့်ကိုသတ်လိမ့် မယ် "
ဒိုးလေး မေမေ နဲ့တူတဲ့ ညီမလေးကိုသိပ်ချစ်တယ်။ မီးမီးအနားလေးမှာတောင် ဒိုးလေး နေခွင့် မပေးကြဘူး။
ဒိုးလေး ဖေဖေ့ အိမ်မှာနေပြီး မေမေ့ အိမ်ကိုပြန်ရတဲ့နေ့မှာ......
"မခင်လေးကို ပြောရမှာအားနာပါတယ် ကိုစိုးရကိုလည်းမပြော ချင်တော့ဘူး ၊ ကျမ ဒိုးလေးကိုမနိုင်တော့ဘူး ၊ ပြောဆိုတာလည်း ၊ ရုပ်ကလဲမခန့်လေးစားနဲ့ ၊ ရိုက်ရင်လည်း ပိုအရွဲ့တိုက်တယ်။ ပန်းကန်တွေဖန်အိုးတွေလည်း မရေမတွက်နိမ်အောင် ခွဲပစ်တယ်။ ပါးစပ်ကပြန်မပြောတာကလွဲရင် အပြုအမှုက မိုက်ရိုင်းလွန်းအားကြီးတယ်။ ကိုစိုးရပေးသမျှပိုက်ဆံတွေကိုလည်းအကုန်သုံးပစ်တယ်။ ဒီအရွယ်မှာဒီလောက်သုံးတတ်နေရင်......."
"တော်ပြီ မဝတီစိုး ရှင်ပြောတာကျမ အားလုံး သဘော ပေါက်တယ်။ အဖေရှာတာသားသုံးပစ်တာမဆန်းပါဘူး။ သူ့ မှာသုံးပိုင်ခွင့်ရှိတယ်လေ။ တခြားမိုက်ရိုင်းတာကိုတော့ ကျမ ဆုံးမပြနိုင်ပါတယ် "
"ဒိုးလေး" ဆိုတဲ့ မေမေ့ အော်သံအဆုံးမှာ မေမေ့ရဲ့ကြိမ်လုံးက ဒိုးလေး ကျောပေါ် အဆက်မပြတ်ကျလာခဲ့တယ်။ ကြီးတော်သာဝင်မဆွဲရင် ဒိုးလေးမတ်တတ်တောင် ရပ်နိုင်တော့မယ်မထင်ဘူး။ ဒေါ်ဝတီစိုးရဲ့ အပြုံးတွေက ဒိုးလေးကိုပိုနာကျင်စေတယ်။ မေမေ့ ရဲ့ဒေါ်သတွေကဒိုးလေးကို ပိုကြေကွဲစေတယ်။
ကြီးတော်က ဒိုးလေး အဝတ်အိပ်ကိုယူပြီး အခန်းထဲကိုတွဲပို့ ပေးတယ်။ အရှိုးရာတွေကို ဆေးထည့်ပေးရင်း
"၆ လပြည့်လို့ ပြန်လာတိုင်း ဒဏ်ရာတွေက သေလုအောင်ပါလား ကလေးရယ် တစ်အိမ် နဲ့ တစ်အိမ် ကြားမှာ အသားနာအောင် အရိုက်ခံပြီးမှနေရတာပါလား "
ဒဏ်ရာတွေနာကျင်နေတဲ့ကြားက ကြီးတော် ရင်ခွင်ကို မေမေ့ရင်ခွင် အမှတ်နဲ့ ငိုကြွေးခဲ့ဖူးတယ်။
ဒီလိုနဲ့ဒိုးလေးအသက် ၁၅ နှစ် ပြည့် ပြီးဆယ်တန်းကျောင်းသားကြီးဖြစ်လာခဲ့တယ်။
အသက် ၁၅ နှစ် အရွယ် ၁၀ တန်း ကျောင်းသားတစ်ယောက် ကျောင်းပြေးတာဘာဆန်းလဲ။ ကျောင်းမှာ ဒိုးလေးမပျော်တော့ဘူး ။ ကျောင်းက လူတွေက မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး။ သူတို့ ပျော်နေရင် ဒိုးလေး သူတို့ ကိုမုန်းတယ်။ ဒါကြောင့်  လက်သီးနဲ့ဆွဲထိုးတယ်။ တွန်းလှဲပစ်တယ်။
ပြဿနာ ရှာတဲ့ကောင်ဆိုပြီး ဒိုးလေးကိုဘယ်သူမှအရေးမလုပ်ကြတော့ဘူး အပေါင်းအသင်းမလုပ်ကြတော့ဘူး။ ကျောင်းရုံးခန်းမှာ ခဏခဏ ဖြေရှင်းရလို့  ဖေဖေ မေမေ ရဲ့ အမြင်ကတ် ခြင်း ၊ စိတ်ပျက်ခြင်း၊ ဆူပူခြင်း။ ရိုက်နှက်ခြင်းတွေကို လည်းဒိုးလေး ဂရုမစိုက်ချင်တော့ဘူး။
ကျောင်းမပျော်တော့ကျောင်းလဲမတက်တော့ဘူး ပေးတဲ့ ရသမျှပိုက်ဆံနဲ့ လျှောက်သွားတယ်။ ပိုက်ဆံအလုခံရတာ၊ ဗိုလ်ကျ;တာတွေလဲ ကြုံခဲ့ရပြီ။ အိမ်မှာ ကျောင်းမှာ ထက် အပြင်မှာ ပိုပျော်လာတယ်။ မေမေ့ ကို သော်လည်းကောင်း ဖေဖေ့ကိုသော်လည်းကောင်း မမြင်ရလည်း နေတတ်ခဲ့ပြီ။ ကြီးတော်ကိုလည်း၊မေ့ထားခဲ့ပြီ။
ဒီလိုနဲ့........
ဆက်ရန်
နားခိုရာမဲ့သူဧ။်အမှောင်ကျသောနဲ့ရက်များ ၁
နားခိုရာမဲ့သူဧ။်အမှောင်ကျသောနဲ့ရက်များ ၂
စာကြွင်း
ရွှေအမြုတေ မှ ပင်မြင့်စံ(ရွှေဘို) ရေးသားတဲ့ နားခိုရာမဲ့သူဧ။်အမှောင်ကျသောနဲ့ရက်များ ကိုပြန်လည်ဖော်ပြနေတာဖြစ်ပါတယ်။ ကြိုက်နှစ်သက်မယ်လို့ မျော်လင့်ပါတယ် ။
ကျေးဇူးတင်ပါတယ်။
သက်အောင်(ကလောင်တိုက်ပွဲ)
2 comments:
ဒီ post လေးက အသစ်ဆိုတော့ အရင်ဖတ်ချင်နေတာ.. ဒါလေးဖတ်ဖို့ အရေး အဟောင်းနှစ်ခုကို ပြန်ဖတ်သွားတယ်နော်...
နောက် အားတဲ့နေ့တွေမှာ အဟောင်းတွေလာဖတ်မယ်နော်...
ဇာတ်ကတော. အရှိန်ကောင်း
နေပြီ ညီရေ ဆက်ရန်လေး မျှော်နေမယ်...
ဒိုလေးကိုက ကံဆိုးတာပါ မချစ်တဲ.
လူ2 ယောက်ကြား လူဖြစ်လာတာကိုး ...
Post a Comment