Sunday, July 5, 2009

ကမ်းဝေးမြစ်တစ်စင်းရဲ့အလွမ်း

အလွမ်းတွေကို.....
နေ့စဉ်နှင့်အမျ စားသုံးနေရလို့ 
ရင်ပြည့်ရင်ကယ် ဖြစ်ခဲ့ရတဲ့
ညတွေဟာ များလှပါပြီ ။
အချစ်တစ်ခုကို
မွေးဖွားလိုက်ကတည်းက
လွမ်းခဲ့ရတဲ့အလွမ်းတွေအတွက်
ဘယ်အရာကများ ကိုယ်ချင်းစာ
နားလည်ပေးနိုင်ဦးမှာတဲ့လဲ။

ခက်ဆစ်အဖွင့်မှားတဲ့
အလွမ်းပြပွဲမှမျက်ရည်တွေနဲ့
ချစ်ခြင်းတရားကို မမျှားတတ်တဲ့
ငါလိုလူအတွက်
ရှုံးနိမ့်ခြင်းတွေက
လက်ကမ်းခဲ့တာမဟုတ်ဘူးနော်။

မျော်လင့်ခြင်းဆိုတာ ကလည်း
ငါ့ရဲ့ အမွှာညီရင်းအကို လိုဖြစ်လို့ 
စိတ်ကလဲမချမ်းသာခြင်းနဲ့
ဆော့ဖော်ဆော့ဖက်ပေါ့
မပြည့်ဆုံခြင်းတွေကတော့
မွေးရာပါ အမှတ်တစ်ခုလိုပါပဲ
ဖျောက်ဖျက်မရတဲ့
နှလုံးသားက အမာရွတ်ကတော့
မင်းကိုသိပ်ချစ်ခဲ့တဲ့
အမှတ်အသားတစ်ခုပဲ ဆိုပါတော့ ။

အတိတ်ကအရိပ်ဟောင်းတွေဟာ
မနေ့တစ်နေ့ကလို လတ်ဆက်နေတုန်းပဲ
မင်းရဲ့အပြုံးနဲ့ ချည်တိုင်မိနေခဲ့တဲ့
ရက် ၊ လ ၊ နှစ် တွေအတွက်
ကံတရားကို ဒေါ်ပွပြီးတော့
ယိုးမယ်ဖွဲ့ရဦးမှာလား
လောကဓံ ကို ပဲ
လက်ညိုး ထိုးရဦးမှာလား
တော်ပါပြီကွာ ............
ကိုယ်အသုံးမကျတိုင်းသာ
အပြစ်မဲ့တဲ့ သဘာဝတရားကို
အ ပြစ်ဖို့ နေရရင်လည်း
လောကကြီးတစ်ခုလုံး
အပြစ်တွေနဲ့ တန်ဆာဆင်လို့ ကို
ကုန်မှာ မဟုတ်တော့ပါဘူး။

သက်အောင်(ကလောင်တိုက်ပွဲ)
ဇူလိုင်လ ၅၊ ၂၀၀၉
နံနက် ၄:၁၅

1 comments:

မိုးစက်အိမ် July 5, 2009 at 11:11 PM  

ကိုယ်အသုံးမကျတိုင်းသာ
အပြစ်မဲ့တဲ့ သဘာဝတရားကို
အ ပြစ်ဖို့ နေရရင်လည်း
လောကကြီးတစ်ခုလုံး
အပြစ်တွေနဲ့ တန်ဆာဆင်လို့ ကို
ကုန်မှာ မဟုတ်တော့ပါဘူး။ ...

ကောင်းတယ် ညီလေးရာ အမှန်တရား
ဘဲ...လူတွေက ကိုယ်.အမှာအားနည်း
ချက်တွေ ဖြစ်လာရင် လောကကြီးကို အပြစ်
ပုံချတတ်ကြတယ်...

သက်အောင်

My photo
ရန်ကုန်, ရန်ကုန်, Myanmar (Burma)
သူငယ်ချင်းအားလုံးကိုကြိုဆိုပါတယ်။ သက်အောင် ကိုခင်လို့ ရပါတယ်။ သက်အောင် က ခင်တတ် ပါတယ်။

ဆက်သွယ်ရန်

သက်အောင် ဟုခေါ်သော ကျွန်ုတော့် ကို
အကြောင်း အမျိုးမျိုးနဲ့ ဆက်သွယ် လိုပါ က


u.s.amyanmar@gmail.com နှင့်
thetaung.kk301@gmail.com


တို့ ကိုဆက်သွယ်နိုင်ပါသည် ။



ဒီဘလောဂ်လေးကိုဘယ်လိုမြင်ပါသလဲ

တစ်ခုခုပြောခဲ့နော်

သယ်ရင်းများ

။နောက်တစ်ခါပြန်လာခဲ့ဦးနော်။

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP