Burmese New Yorkers (သို့ မဟုတ်) မြန်မာမဟုတ်သောမြန်မာများ
မြန်မာ မဟုတ်သော မြန်မာများ
Burmese New Yorkers များဆိုသည်မှာ U.S.A , New York ရှိ ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို မေ့ပြီး မြန်မာစိတ် ပျောက်နေသော မြန်မာများကို သာ ရည်ညွန်း ခြင်းဖြစ်ပါသည်။
ကျနော် U.S.A ကို စရောက်ခါစက New York, Brooklyn မှာအတော်ကြာနေထိုင်ဖြစ်ခဲ့ပါတယ်။ NY မှာအနေကြာတော့ NY မှာရှိတဲ့မြန်မာတော်တော်များများဟာ ရင်းနှီးဖော်ရွေပြီး ရိုင်းပင်းကူညီတတ်တာကိုသိခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာပဲ NY မှာရှိတဲ့ မြန်မာမဟုတ်သောမြန်မာများရဲ့ အကြောင်းကိုပါရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ရတယ်။

ရောက်ကာစကကျနော့်မှာ မြန်မာမြင်ရင် နှုတ်ဆက်ပြုံးပြရတာအမော သူတို့ ကတော့ ကိုယ်နှုတ်ဆက်ရင်ပြန်နှုတ်ဆက်ဖို့ မပြောနဲ့ (မပြောဘူး) ကိုယ်ကနှုတ်ဆက်တာကို ရှက်သလိုလို ရွံ့သလိုလို ဂုဏ်ငယ်တယ် တောင်ထင်ကြသေးဗျာ။ ပြန်ပြောလိုမှပြောခေါ်လိုမှခေါ်ကြတာ။ ကိုယ်နဲ့သိတဲ့လူတွေလောက်
သာခေါ်ပြောဆက်ဆံကြတာပါ။ (ဒါကတော့ NY မှာရှိတဲ့ မြန်မာမဟုတ်သောမြန်မာများရဲ့ စတိုင် ပေါ့ဗျာ :P )
အုပ်စုတွေတစ်စုနှစ်တစ်စုကွဲနေကြပြီး (ကမ္ဘာမှာရှိသမျ ဘောလုံးအသင်းတွေထက်တောင်များမယ်ထင်တယ် ) ပြိုင်ကြဆိုင်ကြနဲ့။
ဘုန်းကြီးကျောင်းပွဲသွားရင် တရားမနာရပဲ အကြွားတွေကိုနာရမှာ သေချာတယ်။ ဟိုလူကအိမ်ဝယ်တယ် ။ ငါတို့ လဲလိုက်ဝယ်မယ်ဆိုပြီးလိုက်ဝယ်ကြ ။ ဟိုလူကဟိုကားဒီလူကဒီကား နဲ့အပြိုင်ဝယ်ကြ။ အဲ့ဒီမှာ USA ဆိုတဲ့ အရသာ ကိုစသိကြတာပဲလေ။
အကြွေးတွေလည်ပင်းနစ်နေတော့ ပြန်ဆပ်ဖို့ ကုန်းရုန်းရှာကြ ။ လူတွေက အကြွေး တွေနဲ့တင် လုံးပါးပါး နေကြတာ ။
( အနော်တောင် ipod လေးဝယ်ထားမိတာ ခုထိအကြွေးကဆပ်လိုမပြီးသေးဘူး )
U.S.A မှာ ငတ် လို့ မသေပေးမယ့် အကြွေးမဆပ်နိုင်လို့ ကိုယ့်နိုင်ငံကိုပြန်ပြေးတဲ့လူနဲ့။ (ခလုတ်ထိမှအမိတကြတာလေ)
အကြွေးတွေမဆပ်နိုင်တော့လို့ သတ်သေတဲ့လူနဲ့ ။ (ရွှေမြန်မာတွေထဲမှာတော့အလွန်ဖြစ်ခဲပါတယ်) တွက်ကြည့်ရရင် လူ ၁၀ ဦးရှိရင် ၉ ဦးမှာအကြွေးရှိပြီး ၊ အဲ့ဒီ ၉ ဦးမှာ ၃ ဦးကအကြွေးမဆပ်နိုင်လို့  ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြပါတယ်။
ကားတွေတိုက်တွေနဲ့ ကြီးကြီးကျယ်ကျယ် နေနိုင်လေ အကြွေးများလေပါပဲ။
အခုလို တစ်ကမ္ဘာလုံး တစ်နိုင်ငံလုံး စီးပွားရေးတွေကျ အလုပ်တွေထုတ် စက်ရုံတွေပိတ်နေတဲ့ ကာလမှာ ဘယ်လိုအလုပ်လုပ်ပြီး ဘယ်လိုအကြွေးတွေပြန်ဆပ်ကြမလဲ။ (ကူမစဉ်းစားပေးနိုင်ပါဘူး) အဲ့ဒီမှာ ဒူးနှင့်မျက်ရည်သုတ်ပြီး ထိုင်ငိုကြပေ တော့။ လုံးဝမသနားတဲ့အပြင် အော်ပြီးတောင်ရယ်လိုက်ဦးမယ်။

ဟားဟား.....ဟီဟီ......ဗြဲ......
သက်အောင်(ကလောင်တိုက်ပွဲ)
ဇူးလိုင် ၇၊ ၂၀၀၉
နံနက် ၄ : ၁၅
8 comments:
မင်းရူးနေလား လီးမိုအတင်းပြောတာလား
အဲ့ဒါမြန်မာကွ
ဟာ.... ဒီမှာတယောက်ဝင်ခံသွားတယ်ဗျ.........
NY မှာတင်မဟုတ်ဘူးဗျ Singapoe မှာပါဒီလိုဘဲ...
လူကွယ်ရင် မြန်မာစကားပြေားတယ် မြန်မာရှေးကြရင် တရုပ်စကားပြေားကြ English စကားပြေားကြ...
အသံက ငါးပိ သံနဲ့ ... တရုပ်သံကလဲ မပီ........
ကျွန်တော်သူငယ်ချင်း တရုပ်ကမေးတယ် သူတို့ဘာစကားပြောတာလဲ တဲ့....
ပြေားရင်လဲ တရုပ် နားလည်အောင် ပြေားသင်တယ်....
ဟာ.... ဒီမှာတယောက်ဝင်ခံသွားတယ်ဗျ.........
NY မှာတင်မဟုတ်ဘူးဗျ Singapoe မှာပါဒီလိုဘဲ...
လူကွယ်ရင် မြန်မာစကားပြေားတယ် မြန်မာရှေးကြရင် တရုပ်စကားပြေားကြ English စကားပြေားကြ...
အသံက ငါးပိ သံနဲ့ ... တရုပ်သံကလဲ မပီ........
ကျွန်တော်သူငယ်ချင်း တရုပ်ကမေးတယ် သူတို့ဘာစကားပြောတာလဲ တဲ့....
ပြေားရင်လဲ တရုပ် နာလည်အောင် ပြေားသင်တယ်....
အဲ့...ကော်မန့် ဖတ်ဖတ်ချင်း ဘာလဲ...အဲ့ဒါ မြန်မာလား..။ အဲ့လို ရှိတယ်လား..။ သိဘူးတော့..။ ပြုံးပြရင်တော့ ဘယ်လူမျိုးဖြစ်ဖြစ် ပြန်ပြုံးပြပါတယ်...ဒါပေမယ့် တစ်ခါတလေ တော့လဲ မကောင်းဘူး...ဟီးဟီး...။
ဟယ်...မန့်ထဲ ၀င်ဝင် ချင်း တွေ့တာက ကြောက်စရာပဲ...အဲ့ဒါ မြန်မာတဲ့... ဒုက္ခပါပဲ..။း) လိမ္မာယဉ်ကျေးတဲ့ မြန်မာတွေ အကြောင်း လဲရေးပါဦးနော်...။ လိုက်အတုယူ တတ်အောင်လို့ပေါ့.။
အဲ့ဒါကတော့သူတို့စိတ်နဲ့ပဲဆိုင်တာပါ
ဒီဘက်မှာတော့မြန်မာသိပ်မရှိဘူး
အင်းနော်တချို့ တွေဆိုရင်လည်း
သူတို့မှာသူငယ်ချင်းရှိတော့မခေါ်ချင်သလိုလိုခေါ်ချင်သလိုလိုနဲ့
ထားပါတော့

Post a Comment